လင်းဝေFebruary 16, 20121min1639
မနေ့က နေပြည်တော်ကြီးမှာရှိတဲ့ ကုမ္ပဏီများမှတ်ပုံတင်ရုံး က တစ်ယောက်နဲ့ ပြောဆိုရင်း အများပိုင်ကုမ္ပဏီတွေ တည်ထောင်ခွင့်ပြုလိုက်ပါပြီတဲ့။ အခုရက်ပိုင်း တိတိကျကျပြောရရင် ပြီးခဲ့တဲ့ သောကြာနေ့ကမှ တည်ထောင်ခွင့်ပြုလိုက်တာပါတဲ့။ သေချာမသိသူများကတော့ အများပိုင်ကုမ္ပဏီတွေ မြန်မာပြည်မှာ အရင်က တည်ထောင်ခွင့်မပြုဘူးလား လို့ စောကြောပါလိမ့်မယ်။ အင်း.. မရှိတာလည်း မဟုတ်သလို ရှိတာလည်း မဟုတ်ဘူးဗျ လို့ပဲ မရှင်းမရှင်းဖြေခွင့်ပြုပါ။ ဖြစ်ပုံက ဒီလိုပါ။ ဈေးကွက်စီးပွားရေးစနစ်အရ စီးပွားရေးကုမ္ပဏီများတည်ထောင်ခွင့်ပြုတာတော့ ဥပဒေအရ အများပိုင်(Public Company)ကော သီးသန့်ပိုင်(Private Company)ကော တည်ထောင်ခွင့်ရှိပါတယ်။ သို့သော်….( မြန်မာပြည်မှာ အဲဒီ သို့သော်တွေ အလွန်များခဲ့ များဆဲ…မျိုးကြီးလေသံနဲ့ ဆိုကြည့်ပါ…များခဲ့…များဆဲ… အချိန်မီသာပြင်ဆင်ခွင့်မရှိရင်..) ၁၉၉ရခုနှစ် အေးရှား စတော့ဈေးကွက် ပြိုလဲမှုမှာ တိုင်းပြည်အများ ထိခိုက်တာကို ကြောက်လန့်သွားသော ရွှေဉာဏ်တော်ရှင်ကြီးက သို့ကလိုဆိုရင်ဖြင့် ရွှေပြည်ကြီးမှာ […]