ဆူးMay 18, 20121min29217
ဦးခေါင်းရတနာဓါတ်တော်ကြုတ် ဒီရက်ပိုင်းအတွင်းမှာ တရုတ်နိုင်ငံရဲ့ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေက အံ့မခန်းတွေ ဖြစ်နေခဲ့ပါတယ်။ ကွန်မြူနစ်ပါတီကြီးစိုးတဲ့ တရုတ်နိုင်ငံကြီးမှာ ဗုဒ္ဓဘာသာကို နေရာတစ်နေရာ အခိုင်အမာပြန်ပေးနေပြီဆိုတဲ့ သတင်းလေးကိုလည်း ဘလော့မှာ ဖော်ပြခဲ့ဖူးတာ မှတ်မိကြပါလိမ့်မယ်။ ပြီးခဲ့တဲ့လကလည်း အိန္ဒိယသမ္မတကြီး ကိုယ်တိုင် တရုတ်နိုင်ငံပြည်သူတွေအတွက် ဆန်ချီစေတီပုံတူ ဗုဒ္ဓဘုရားကျောင်းတော်တစ်ခု လက်ဆောင် နှင်းအပ်ကာ ဖွင့်လှစ်ပေးခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့ ကြာသပတေးနေ့ကတော့ တရုတ်ပြည်သူသန်းပေါင်းများစွာဟာ တရုတ်နိုင်ငံကွန်မြူနစ်ပါတီကြီးရဲ့ ဆယ်စုနှစ်ငါးခုကြာအောင် ဘာသာမဲ့ဥပဒေနဲ့ စည်းမျဉ်းများကန့်သတ်ခဲ့ရာ တရုတ်ပါလီမန်အဆောက်အဦရဲ့ မဟာခန်းမကြီးထဲမှာ ကပြတဲ့ နိဗ္ဗာန်၊ ကံတရားနဲ့ သံသရာစတဲ့ ဗုဒ္ဓဝင်နဲ့ ဗုဒ္ဓဓမ္မဆိုင်ရာ သရုပ်ဖော်ကကွက်တွေကို ကြည့်ရှုခွင့်ရခဲ့ကြပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှု နောက်ပိုင်းမှာ ကြီးကျယ်တဲ့ ဘာသာရေးလမ်းဖွင့်မှု အသွင်လက္ခဏာတစ်ခုပါပဲတဲ့။ တရုတ်ဗုဒ္ဓဘာသာအသင်းကြီးရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ရှူချင်းက “ ဗုဒ္ဓဘာသာဟာ […]