cobraSeptember 25, 20101min832
နေပူစာလှုံခြင်းသည် အမျိုးသားများ၏ လိင်မှုစွမ်းရည်ကို တိုးပွားစေကြောင်း လေ့လာမှု စစ်တမ်းတစ်ခုက ဖော်ပြခဲ့သည်။ နေရောင်ခြည်တွင် ပါဝင်သည့် ဗီတာမင်(D)သည် အဖိုဟိုမုန်းဖြစ်သည့် Testosteroneကို လှုံ့ဆော်ပေးတတ်သဖြင့် အမျိုးသားများအတွက် အားအင်တိုးပွားစေကြောင်း ပညာရှင်များကဆိုသည်။ ခန္ဓာကိုယ်ရှိ သဘာဝအလျောက် အာဟာရပြု ဓာတ်ပေါင်းများသည် နေရောင်ခြည်မှတဆင့် ဗီတာမင်(D)ကို လက်ခံယူနိုင်သလို ငါးကြီးဆီနှင့် အသားတို့မှလည်း ယင်းဗီတာမင်ဓာတ်ကို ရရှိနိုင်သည်။ ဩစတြီးယားနိုင်ငံ၊ ဂရက်ဇ်ဆေးတက္ကသိုလ်မှ သုတေသီများက သွေးတစ်မီလီလီတာတွင် ဗီတာမင်(D)ဓာတ် အနည်းဆုံး (၃၀)နာနိုဂရမ်မျှ ပါရှိနေသည့် အမျိုးသားများသည် ယင်းတို့ထက် ဗီတာမင်(D)ဓာတ် နည်းပါးသူများထက် အဖိုဟိုမုန်း လှည့်ပတ်စီးဆင်းမှုစွမ်းရည် ပိုမိုများပြားသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ဥရောပရှိ အမျိုးသားအများစုသည် အောက်တိုဘာလမှ စတင်ကာ Testosteroneပမာဏ လျော့ကျလာလေ့ရှိပြီး မတ်လတွင် အနိမ့်ပါးဆုံး ဖြစ်နေတတ်သည်။ အဘယ်ကြောင့်ဆိုသော ယင်းကာလသည် နေရောင်ခြည် […]