– – – – – =============================   ငါးလ ကြာခဲ့ပြီ အရာရာဟာ လှပဆဲ ထာဝရအမြဲအတွက်ပေါ့ …..။   တွဲလက်တွေ မဖြုတ်ဘူး လောကဓံ က ဘယ်လိုပင် ရှုပ်ပါစေ ရင်ဆိုင်ဖို့ လှမ်းကြမယ်လေ …..။   ကြမ်းချင်ကြမ်းမယ် အတူတူ ပင်ပန်းကြရင်း အတူတူ ပျော်ရွှင်ကြမယ် …..။   စိတ်ဆိုးတဲ့အခါ ရှိမယ် အခန့်မသင့်တာတွေ ရှိမယ် သိပ် မကြာပါဘူး နားလည်မှုနဲ့ ရှေ့ကိုဆက် ပျော်စရာနေ့ရက်တွေလှိုင် နောင် ….. နှစ်ပေါင်းများစွာတိုင်သို့ …..။   ============================= Credit >>> Tel Lay =============================


– – – – – ================================ (၁) ………….. ရောင်နီဖြာနေတဲ့ နံနက်ခင်းတစ်ခုမှာ သူမကို စတင်တွေ့ခဲ့ရတယ်။ အဲ့ဒီအချိန်က နေရောင်ခြည်အောက်မှာ ပန်းများစွာဟာ အလှပဆုံး ပွင့်လန်းလို့နေခဲ့တယ်။ သူမ ကလည်း ကျနော့်ရဲ့ မျက်ဝန်းများထဲမှာ ထင်ကျန်ရစ်လို့ သွားခဲ့တယ်။ တွေ့တွေ့ချင်းမှာပဲ အမှတ်တမဲ့နဲ့ ကျနော် ပြောခဲ့ပါသေးတယ် …. “လှတယ်” ……………။ (၂) ……………… အဲ့ဒီနေ့ တစ်နေ့လုံး နေသာနေတယ်။ ကျနော့် ရင်ထဲမှာလည်း တစ်စုံတစ်ခုသော အကြောင်းနဲ့ ပျော်လို့နေတယ်။ သူမရဲ့ မျက်နှာ ခဏတာ ငေးမိတဲ့အခိုက်မှာ တစ်စုံတစ်ရာဟာ ရင်လှိုက်ဖိုစေခဲ့တယ်။ ဒါပေမယ့်လို့လည်း ဘာသိဘာသာ ခဏနဲ့ ပျောက်သွားမှာပါလို့ပဲ ကိုယ့်ကိုကိုယ် တွေးမိခဲ့ပါသေးတယ်။ ဒီအချိန်မှာပဲ အနောက်အရပ်ဆီက နေထွက်လို့လာတယ်။ […]


– – – – – – – – – – – ++++++++++++++++++++++++++++ ဟုတ်ကဲ့ ………။ “2012 ထဲက အမှတ်တရ သမိုင်းစာမျက်နှာများ” ဆိုပြီး ပို့စ်တင်လို့ မန်းဂဇက် ရွာသူားတွေရဲ့ ၂၀၁၂ အတွင်းက အမှတ်တရ အဖြစ်အပျက် အချို့ကို ဝင်ရောက် ရေးသားပေးကြပါရန် ဖိတ်ခေါ်ခဲ့ပါတယ် ….။ ဖိတ်ခေါ်တဲ့အတိုင်းပါပဲ ….။ ရေးလည်း ရေးပေးခဲ့ကြပါတယ် ….။ ဒီအတွက် ကျုပ်က ကျေးဇူးအထူးပါလို့ ………။ အခု ဒါလေးတွေကို စုစည်းလို့ အမှတ်တရ အဖြစ် ဖတ်ရှုနိုင်အောင် တင်ပြလိုက်ပါတယ် ခင်ဗျာ …..။ ++++++++++++++++++++++++++++ ကိုရင်မိုဘိုင်း (Mobile) အရင်က မုံရွာမှာ နေကတည်းက […]


manawphyulayMarch 15, 20121min23112
တစ်ခါတလေ ရောက်တုန်းလေး ရိုက်ကြည့်ထားတာပါ။ ဘုရားကြီးမျက်နှာတော်သစ်ရေကပ်တာကတော့ ဗီဒီယိုဖိုင်တွေပဲ ရိုက်ခဲ့ပါတယ်။ ခဏလေးအတွင်း ဘယ်မှမရောက်ဖြစ်ဘူး။ ရောက်တဲ့နေရာလောက်ပဲ မှတ်တမ်းတင်ခဲ့မိပါတယ်။


etoneJanuary 16, 20123min30232
  အလုပ်ကိုယ်စီနဲ့ မအားမလပ်တဲ့ ရွာသူ ရွာသားတွေ တစ်ခါတစ်ခါ ဆုံဖို့ ခက်ခဲပါတယ် … အားလုံး အားမယ့် အချိန်ကို ညှိကြရတယ် ..ရှိသမျှ အချိန်လေးစုပြီး ခဏဆုံကြတဲ့အခါ အမှတ်တရ စာကြောင်းလေးတွေ ရေးဖြစ်ခဲ့တယ်ပေါ့…. ။  …… ဘယ်သူတွေ ဘာရေးခဲ့လဲ … သိချင်လျှင်တော့ စာဆုံးတဲ့ အထိ ဖတ်ကြည့်ကြပါနော် …. ။     ပျော်တတ်ပြီး စိတ်ထားကောင်းကြတဲ့ အဖွဲ့သားတွေပါဆိုတဲ့ ဦးဦးပါလေရာ …. အမှတ်တရရှိနေမယ့် ရွာသားတွေပါ … အဆင်ပြေကြလျှင် ခဏခဏတွေ့ကြတာပေါ့ … အလှူတန်းတွေလည်း ထပ်လုပ်ရင်းနဲ့ပေါ့ဆိုတဲ့ ….  nozomi     အားလုံးမင်္ဂလာပါ .. နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကံကောင်းမှုတွေ များစွာနဲ့ […]


fattyDecember 12, 20113min33823
ကျနော်တိူ့မိသားစု ပြီးခဲ့တဲ့စနေနေ့က ဆံတော်ရှင်ကျိုက်ထီးရိုးစေတီကိုသွားပြီးဖူးကြပါတယ် ..။ မနက် ၅ နာရီ အငှားကားကလာကြိုပါတယ်။ တယောက်ကို ၃၅၀၀ဝ ကျပ်ပေးရတယ် နေ့ချင်းပြန်ပေါ့။ ခရီးသွားလုပ်ငန်းတွေများလာတော့အပြိုင်အဆိုင်ဝန်ဆောင်မှုတွေပေးကြတယ်။ ကောင်းသောလက္ခဏာပါ။ ၄ နာရီခွဲကထဲ ဖုံးဆက်ပြီးနှိုးပေးသေးတယ်။ ကားကတော့ စူပါကပ်စတန်ကားပါ။ ကျနော်တို့ကသုံးယောက် နောက်လူတွေကတော့ နိုင်ငံခြားသားတယောက်နဲ့မြန်မာတယောက်ပေါ့ အားလုံးမှငါးယောက်ထဲပါ။ ရိုက်လို့ရသမျှဓာတ်ပုံလေးတွေ တင်လို့ရသမျှတင်ပေးလိုက်ပါတယ်ဗျား …..။ ပထမဆုံးပုံလေးကတော့ ဝေါ မှာလက်ဖက်ရည်သောက်ကြရင်း ကလေးမလေးတယောက် ဗျိုင်းကလေးတွေလာရောင်းလို့ ရိုက်ထားလိုက်တာပါ။


fattyOctober 25, 20111min30014
ငါးဆယ်ဒီဘက်စွန်းလာပြီဆိုတော့ နောက်ကြောင်းပြန်လှည့်ကြည့်တဲ့သဘောပေါ့ ……။ ကျနော်အရင်က မြန်မာ့ရုပ်မြပ်သံကြားမှာလုပ်ခဲ့စဉ် အတွေကအကြုံတွေလဲအတော်ရေးခဲ့ပြီ။ တက္ကသိုလ်ကျောင်းသားဘဝအတွဲချောင်းခဲ့ပုံလဲ ရေးပြီးပြီ အီးတုန်းက အတူတူချောင်းခဲ့တဲ့တယောက်အခု ပါမောက္ခတောင်ဖြစ်နေပြီလေ …..။ အော်ဖြတ်သန်းလာခဲ့ရသော ဘဝတွေ …. ဘဝတွေ ….။ အထက်တန်းကျောင်းသားတုန်းက ကျနော်ရယ် ဗိုလ်ကြီးရဲညွန့် ( ယခုနတ်မောက်ကျောင်း ) ပြီးတော့ ဦးမောင်တင် ယခု ညွန်မှုး စက်မှုလယ်ယာ ကျနော်တို့သုံးယောက်သား တစ္ဆေဆိုတာ တွေ့ဘူးချင်လို့ ညဘက်ကြီးသချင်္ိုင်းကုန်းသွားပြီးရှာကြတာ ငယ်တုန်းကတော့ ဘာသိမှာလဲ အရူးထပြီး အကုန်လျှောက်လုပ်တာပေါ့ အဲ အဲဒီအကြောင်းတွေရေးပြီးထင်ပါတယ် …….။ အခုဒီတခါတော့ ကြီးမှ အရူးထပုံရေးချင်လို့ပါ …။ ကျနော် အရက်သမားဖြစ်ခဲ့စဉ်ကဆိုပါတော့ …..။ အရက်သမားဆိုပေမဲ့ ကျနော်က နေ့စဉ်သောက်နေတာတော့မဟုတ်ဘူးဗျ၊ တခါတလေမှသောက်ပါတယ် …။ အဲဒီတခါတလေသောက် ရင်လဲပြသနာမီးထွန်းရှာတတ်တဲ့ကောင်ကိုးဗျ …။ ကျနော်ပြောပြပါရစေအုန်း […]


thit minSeptember 17, 20111min1536
(၁၉၈၄ခုနှစ်)ကဆရာကြီးဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်)ကျောင်းအုပ်တာဝန်နဲ့ရှိနေတဲ့မော်လမြိုင်ဒီဂရီကောလိပ် (ယခုမော်လမြိုင်တက္ကသိုလ်)ကိုရောက်ခဲ့ပါတယ်။ ကိုယ်ကအသက်ငယ်သေးတာကတကြောင်း၊ စာဖတ်များစပြုလာပေမဲ့ အချစ်နဲ့ပတ်သက်ပြီးရေးထားရင်ဘာစာအုပ်မှဖတ်လေ့မရှိလို့ ဆရာကြီးရဲ့စာအုပ်တအုပ်မှကိုမဖတ်ဘူးပါ။ ရုပ်ရှင်ဖြစ်လာတော့ကြည့်ဖြစ်ပါတယ် ။တော်တော်လဲကြိုက်ပါတယ်။အဲဒါကနောက်ပိုင်းမှပါ။ (၂၀၀၂ခုနှစ်အသက်၇၂နှစ်မှာဆရာကြီးကွယ်လွန်ခဲ့ပါပြီ၊ ဆရာကြီးလိုလူမျိုးဟာကောင်းရာ ဘုံဘဝရောက်မှာမလွဲပါဘူး၊ ဆရာကြီး ဘာတွေလုပ်ခဲ့တယ်ဆိုတာတော်တော်များသိကြပါတယ်။) အဲဒီအရင်မှာမော်လမြိုင်ဒီဂရီကောလိပ်ရောက်တုန်း ဆရာကြီးရဲ့ကျောင်းသားကျောင်းသူတွေ အပေါ် ရင်ဝယ် သားသမီးလိုဆက်ဆံတတ်တာတွေ၊ ဝန်ထမ်းတွေအပေါ်ညှာတာစွာ အုပ်ချုပ်ဆက်ဆံတတ်တာတွေ၊ ဆရာ ကြီးရဲ့နူးညံ့သိမ်မွှေ့တဲ့အနေအထိုင်တွေရဲ့မွှေးပျံ့တဲ့ဂုဏ်သတင်းတွေကြောင့်”သူငယ်ချင်းလို့ဘဲဆက်၍ခေါ်မည်ခိုင်”တွေ “တပြည်သူမရွှေထား”တွေ”သူကျွန်မခံပြီ”တွေမသိသေးတဲ့အဲဒီအရွယ်မှာ ကထဲကဆရာကြီးကိုလေးစားမိလိုက်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အဲဒီရောက်တုန်းစာအုပ်တအုပ်လက်ဆောင်ရပါတယ် ။မော်လမြိုင်ဒီဂရီကောလိပ်နှစ်လည်မဂ္ဂဇင်းပါ။ အဲဒီစာအုပ်မှာဆရာရဲ့ဓာတ်ပုံပါပါတယ်။ ခပ်သေးသေးကိုယ်လုံးနဲ့ ဆံပင်တွန့်တွန့်လေးတွေကကောလိပ်ကျောင်းအုပ်ဆရာကြီး တယောက်အနေအထားနဲ့ရောနိုင်ငံကျော် စာရေးဆရာကြီး တယောက်အနေနဲ့ ပါလိုက်ဖက်လှပါဘိတယ်။ ဆရာကြီးတည်းဖြတ်တဲ့အဲဒီနှစ်လည်မဂ္ဂဇင်းဟာဖတ်လို့မငြီးနိုင်အောင်အကောင်းဆုံးကဗျာတပုဒ်ကိုအ လွတ်ရနေခဲ့ပါတယ်။ဆရာကြီးတည်းဖြတ်ခဲ့လို့ထင်ပါရဲ့။တော်တော်ကောင်းပါတယ်။(ပျဉ်းမငုတ်တိုတို့သိကြားလိမ်တို ့ရှေးခတ်ပုဂံပြည်တို့အစရှိတဲ့ကဗျာတွေဦးကြော့၊ဘိုးသူတော်ဦးမင်းလူဦးမင်း ဆရာကြီးဇော်ဂျီဆရာကြီးမင်းသုဝဏ် ဆရာကြီးတင်မိုးကဗျာတွေနဲ့ကြီးပျင်းခဲ့ရတော့တော်တန်ရုံကဗျာကျနော်စိတ်ကိုမ”တိုး”ပါဘူး။ ခုကဗျာလေးကြတော့ကာရံလဲလှအဓိပ္ပာယ်လဲရှိလွန်းလို့ခုထိမမေ့နိုင်ပါဘူး။ ပြီးတော့၁၉၈၄ခုနှစ်ကကဗျာတပုဒ်ဟာ ဒီကနေ့ လက်ရှိအနေအထားတခုကိုဖြစ်တဲ့“စပွန်စာ”ညီမလေးတွေ၊ မမတွေကိုများရည်ညွန်းနေသယောင်ယောင်ဖြစ်နေလို့ သတိတရတင်ပြလိုက်ရပါတယ်။ ကလောင်ရှင်က “စောမင်းဝေ”လို့မှတ်သားမိပါတယ် ။မော်လမြိုင်ဒီဂရီကောလိပ်နှစ်လည်မဂ္ဂဇင်း(၁၉၈၄)ရဲ့အဖွင့်ကဗျာတွေထဲကတပုဒ်ပါ။(၁၉၈၄-၈၅…လို့ရေးထားသလားမမှတ်တော့ပါ၊ သိသူများရှိခဲ့ရင်ကျေးဇူးပြုပါ။) ခံစားကြည့်ကြပါအုန်းဗျာ။   လေလိုလျှင်လှ–သမင်မ တအိုင်ကိုနင်း–တအင်းကိုချောက် တချောက်ကိုခုန်–တခြုံကိုနှိပ် တရိပ်ကိုဝင်–တပင်ကိုမေ့ […]


fattyJune 15, 20111min39335
ကျနော်အထက်တန်းကျောင်းတုန်းက တက်ခဲ့ရတဲ့ကျောင်းကြီးဟာ အင်မတန်ကျယ်ဝန်းပါတယ်။ ဧက ၃ဝ လောက်ရှိထင်ပါရဲ့ …။ ကျောင်းသားဘဝတလျှောက်မှာ တက္ကသိုလ်က ဆရာတွေနဲ့သိပ်မရင်းနှီးခဲ့ပါဘူး။ အထက်တန်းကျောင်းဆရာတွေကိုသာ ပိုလို့သံယောဇဉ် ဖြစ်ခဲ့ရတယ်။ တကယ်တော့ ၉တန်း၁ဝတန်းအရွယ်ဆိုတာ … ဆပ်စလူးထတဲ့အရွယ် .. စိတ်ကစားတတ်တဲ့အရွယ် … ဖလန်းဖလန်းထတယ်ဆိုလားဘဲ .. အဲ .. အဲဒီလိုဖြစ်တဲ့အရွယ်လေ။ ရွပိုးထိုးတဲ့အရွယ် လို့သာပြောကြပါစို့ ….။ အဲဒါကြောင့်လားမသိဘူး အထက်တန်းကျောင်းသားဘဝက သိပ်ပျော်တာဘဲ ..။ ကောင်မလေးတွေကြိုက်တယ် ရီးစားစာပေးတယ် အတိုင်ခံရတယ် ကျောင်းအုပ်ကြီးကခေါ်တယ် ကြိမ်လုံးနဲ့ဆော်တယ် ..။ ဆရာမငယ်ငယ်လေးတွေ မျက်နှာတင်းတင်းလေးတွေနဲ့လဲကြုံရတယ်။ ဆရာမကြီးကြီး အပေါက်ဆိုးတာတွေလဲတွေ့တယ် ..။ ပြီးတော့ အထက်တန်းစည်းကမ်းနဲ့ဆိုတော့ .. ကျောင်းသားတွေကိုမရောဘူး ဒါတောင်ဆရာမ ငယ်ငယ်ချောချောကို စာပေးတဲ့ကောင်ကရှိသေးတယ် … ထားပါလေ အဲဒီအကြောင်းတွေပြောနေရင် ပြိးမှာမဟုတ်ဘူး … […]


Pearl MayApril 11, 20111min23922
၁ဝ တန်းအောင်ပြီးပြီးချင်း ကျမရဲ့ဖေဖေ နယ်မှ ရန်ကုန်ပြောင်းမိန့်ထွက်လာပါတယ်။ ရန်ကုန်ကို ကျောင်းပိတ် ရက်ရှိမှ တခါတလေ လာရတဲ့ကျမတို့ ညီအစ်မ ရန်ကုန်မှာနေရတာ့မယ်ဆိုတော့ ပျော်လိုက်ကြတာ။ ပစ္စည်းတွေ သိမ်းဆည်း ပြီးအလုပ်တွေရှုပ်နေရင်းတောင် အချိန်ကုန်နှေးတယ် ထင်ခဲ့တာ။ ဒီလိုနဲ့ကျမတို့မိသားစုရန်ကုန်ရောက်လာခဲ့ကြတော့တယ်။ ရန်ကုန်ရောက်တော့ ဖေဖေ့ဌာနကပေးမဲ့အိမ် မလွတ်သေးလို့ လှည်းတန်းက အမေဘက်ကတော်တဲ့ အဒေါ့်အိမ်မှာ ကျဉ်းကျဉ်းကျပ်ကျပ်နေကြရတယ်။ အရင် နယ်တွေမှာ ဌာနကပေးတဲ့အိမ်တွေက ခြံနဲ့ ဝင်းနဲ့ ၊ ဌာနဆိုင်ရာကားလေးနဲ့ကြီးပြင်းခဲ့ရတဲ့ ကျမတို့ ညီအစ်မနှစ်ယောက်အတွက် ရန်ကုန်ဆိုတာ တခြားကမ္ဘာတစ်ခုလိုဖြစ်နေခဲ့တယ်။ ရန်ကုန်ရောက်ပြီး ၁ လ လောက်ကြာတော့ မေမေက အိမ်နားလေးက English Speaking သင်တန်းကိုလိုက်အပ်ပေးတယ်။ နယ်မှာ နေတုန်း က ဖေဖေကနေ့တိုင်း အင်္ဂလိပ်စာသင်ပေးတော့ သင်တန်းတက်တာ ၁လောက်ရှိတော့ အင်္ဂလိပ်လို နည်းနည်း […]


ဆူးApril 2, 20111min13212
တက္ကသိုလ် ဆိုတာ ကြီး တက်တဲ့ အချိန်ကတော့ တာဝ ဆိုတဲ့ ဝေးလံတဲ့ အရပ်မှာ နေ့စဉ် သွားမတက်နိုင်ခဲ့လို့ တက္ကသိုလ်မှာ သူငယ်ချင်းများ မရှိခဲ့ဘူး။ အဝေးသင်တက်ပြီး ကျောင်းဖွင့်ရက်မှာ ပထမ တရက်သွားတယ် ပိတ်ခါနီး ၂ရက် အလိုမှာ စာမေးပွဲ အချိန်စာရင်းကူးတယ်။ ဒီကြားထဲမှာတော့ အဆိုင်းမန့်တွေ တင်ဖို့ တခေါက်လောက် သွားတယ်။ စာတွေကတော့ ကျူရှင်တက်ပြီး ဖြေရင်းနဲ့ အောင်သွားတာပါဘဲ။ တက္ကသိုလ် အမှတ်တရ မရှိခဲ့ပေမဲ့.. တက္ကသိုလ်နဲ့ အပြိုင် ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ဖွင့်တဲ့ သင်တန်းတခု သွားတက်ခဲ့ပါတယ်။ ကျောင်းက တပတ် ၅ရက်တက်ရတော့ သူငယ်ချင်းတွေ တော်တော်များများရပြီး ခင်မင်ခဲ့ပါတယ်။ အမှတ်ရဆုံး နဲ့ တွေးလိုက်တိုင်း ရီစရာ ကောင်းတဲ့ အဖြစ်အပျက်ကလေးကတော့.. ကျောင်းချိန်လစ်ပြီး သူငယ်ချင်းတွေ […]


manawphyulayMarch 19, 20111min631
ဦးပိန်တံတားအနီးဝန်းကျင်က ရှုခင်းတွေဟာ အတော်ကို လွမ်းမောဖွယ်ကောင်းပါတယ်။ ရောက်ချင်ပြီးရင်း ရောက်ချင်နေတာ ဦးပိန်တံတားလည်း အပါအဝင်ပါပဲ။ လမ်းလျှောက်ရတဲ့အရသာဟာ ဘာနဲ့မှမလဲနိုင်ပါဘူးလေ။