etoneJuly 14, 20104min1205
အမှတ်တရနေ ့လေး ဇွန်လ-၉ ရက်နေ ့ ဒီနေ ့ဟာ ကျနော်နဲ ့သူရဲ့ အမှတ်တရနေ ့လေးပါ… ဒီနေ ့(၉-၆-၂၀၀၉)နေ ့ညမှာ ရွှေတိဂုံဘုရား စေတီတော်ကြီးတစ်ဆူလုံးကို မီးမောင်းအပါ လျှပ်စစ်မီးပူဇော်ဖို ့ ကျနော်တို ့နှစ်ယောက်နံမည်နဲ ့ လှူထားပါတယ်…. ………………………………………………………………………………………………………… ကျနော်ဟာ ကျနော့်ချစ်သူပြန်အလာကို မျှော်နေတဲ့သူပါ… မျှော်နေတဲ့သူမလာပဲ ကျနော့်ဆီကို ရောက်လာတဲ့သူတွေကတော့- ပထမဆုံးရောက်လာတဲ့သူက သူတက်သွားတဲ့ သင်္ဘောကုမ္ပဏီက ကိုယ်စားလှယ်အန်ကယ်ပါ… သမီးရယ်…အန်ကယ်ပြောရမှာစိတ်မကောင်းပါဘူး…သူတို ့သင်္ဘော Panama Canal မရောက်ခင် Caribbean Sea မှာ ပေါက်ကွဲနစ်မြုပ်သွားတယ်…သူက Engine Room မှာတာဝန်ကျနေတော့ သူအပါအဝင် ငါးယောက် သင်္ဘောနစ်မြုပ်တဲ့အထဲ ပါသွားခဲ့တယ်…သတင်းကြားကြားချင်း သမီးကို လာပြောပြတာ… သမီး မယုံဘူး အန်ကယ်… […]