naywoon niJuly 17, 20111min1409
*ဟော့ဒိပါးစပ်ကြီးပေါ့ မှန်တယ်လို့ စိတ်ကယုံမှတ်လိုက်ယုံနဲ့ စက်သေနတ်နဲ့ပစ်လိုက်သလို အဆက်မပြတ်ပြောဆိုတတ်တာ နှစ်ပေါင်းလေးဆယ်တိုင်ခဲ့ပေါ့…။ * ကြားရသူရဲ့နား တရားသာမရှိခဲ့ရင် ပိဿလေးနဲ့ နံဘေးပစ်ခံရသလို ထိဝေဒနာအသေအချာပဲပေါ့ အင့်ကနဲဒက်ထိမှန်စကားလုံးကျည်ဆံတွေနဲ့ ဆင်ကဲရောက်လာတော့မယ် အညှာတာလုံးဝမထား…။ * ဟောဒိပါးစပ်ကြီးကြောင့် လူမုန်းခံရတာလဲများပ…။ * မိတ်ဆွေကနေရန်သူတွေလည်းဖြစ်ရတာပ…။ *ကဲရဲ့ရှုတ်ချမှုတွေလည်းျမားတာပ…။ *ချီးမွမ်းထောပဏာကတော့နဲပ…။ ဒါနဲ့လည်းမအမှတ်သညာမရှိ မှန်တယ်ထင်ရင် နောက်မဆုတ်တမ်း ဆက်ကာဆက်ကာ ပြောနေတုန်းပ…။ * နှုတ်ချိုတော့သျှိုတစ်ပါးတဲ့ ရှေးလူကြီးတွေစကားပယ်ရှား မှန်ရာသာပြော မုသားမပါတော့ အလိမ်အညာမရှိ အပြစ်မရှိပါဘူးလို့ ယုံမှားထားပြီး ဆက်ကာဆက်ကာ ပြောနေဦးမည်….။ * သံသရာ ရှည်ကြာနေဦးမည်…။ နေဝန်းနီ