etoneOctober 1, 20121min48649
ငထုံတဲ့ …..ငထုံ ဆိုတာ တခြားတော့မဟုတ်ပါဘူး …. မနေ့ကမှ သစ်စက်စက် ကင်ပွန်းတပ်လိုက်တဲ့ ကျွန်မရဲ့ နာမည်သစ်လေးပါပဲ ။ တစ်မိသားစုလုံးကလည်း ၊ နာမည် အသစ်ပေါ် အကြွင်းမဲ့ ထောက်ခံလိုက်ကြပါတယ် ။ ထိုက်တန်တဲ့ နာမည်လို့လည်း ဆိုကြသတဲ့ 😥  မိအေးကဖြင့် နှစ်ခါပဲ နာပါတယ် … ကျွန်မကတော့ အကြိမ်ကြိမ်ကိုနာတာတောင် အမှတ်မရှိလို ့ နောက်နောင် အမှတ်သည်းခြေရှိသွားအောင် နာမည်ပါပြောင်းလိုက်ရတဲ့ အဖြစ်ပါ ။ အကြိမ်ကြိမ်နာတယ်ဆိုတာ အသည်းနာတယ် ၊ (ရင်ခံတယ်၊ နင်တယ်) ရင်နာတယ် ၊ စိတ်နာတယ်ဆိုတာကို ရည်ညွှန်းပါတယ် ။ :hee: ကံစမ်းမဲ ၊ ဒစ်စကောင့်တွေအတော်များများ မက်လုံးပေးတဲ့နောက်ကို ယောင်လိုက်ရင်း ၊ အမြဲတမ်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့တဲ့ […]