နွယ်ပင်August 17, 20111min26930
အမှတ်တရဆိုတာ လူတိုင်းမှာ ရှိနေတက်ကြပါတယ် ။ အမှတ်တရဆိုတာ မကြုံဘူးတဲ့သူ မရှိလောက်ဘူးထင်ပါတယ်။ လွမ်းမောစရာအမှတ်တရ ၊ ပျော်ရွှင်စရာအမှတ်တရ ၊ အလုပ်ကပေးတဲ့ အမှတ်တရ ၊ ပြန်လည်သတိရစရာကောင်းတဲ့ အမှတ်တရ ၊ သတိမရချင်ပင်မယ့် အမှတ်တရ ဖြစ်စေခဲ့တဲ့ အမှတ်တရ အများကြီးပါပဲ ……..အမှတ်တရ အချို့က အချိန်ကြာရင်လာရင် လွမ်းမောစရာ တမ်းတစရာလေးတွေတောင် ဖြစ်သွားတက်ကြပါသေးတယ်။ နွယ်ပင်မှာတော့ ဒီလို အမှတ်တရ ကိစ္စတွေအများကြီးထဲက အမှတ်တရအဖြစ် ကျန်ရစ်ခဲ့တာတွေအများကြီးပါပဲ ။ ဒီအထဲကမှ နွယ်ပင်အလုပ်လုပ်ရင်းကြုံခဲ့တဲ့ အင်တာဗျူးအမှတ်တရလေးတွေကို ပြောပြချင်ပါတယ် ။ အရင်က နာမည်ကြီးဖက်ရှင်မဂ္ဂဇင်းတစ်ခုမှာ (3) နှစ်လောက် အယ်ဒီတာလုပ်ခဲ့တုန်းက အတွေ့အကြုံလေးပါ ။ အယ်ဒီတာ ဆိုလို့ အထင်မကြီးသွားနဲ့ဦးနော် ဒီမဂ္ဂဇင်းကအယ်ဒီတာဆိုတာ သူများတွေလို ကုလားထိုင်လေးမှ ထိုင်ပြီး ကဏ္ဍာလေးတွေကို […]