asiamastersApril 25, 20111min854
    ၁။         ကျွန်ုပ်၏ အယူဝါဒ-၂ မှာ လူ့ဘဝရဲ့ရည်ရွယ်တဲ့အကြောင်း ဖြစ်ပါတယ်။ ရည်ရွယ်တဲ့အကြောင်းကို အင်္ဂလိပ် ဘာသာစကားဖြင့် (Purpose) ဟုခေါ်ပါတယ်။ “လူ့ဘဝရဲ့ရည်ရွယ်တဲ့အကြောင်း” ဆိုတော့ အင်္ဂလိပ်စကားဖြင့် (Purpose of life) လို့ ဆိုရမှာဖြစ်ပါတယ်။ လူသားတွေဟာ လူ့အသုံးအဆောင်ပစ္စည်းတွေပြုလုပ်ရာမှာဖြစ်စေ၊ ပရိဘောဂများ ပြုလုပ်ရာ မှာ ဖြစ်စေ၊ နေထိုင်ရာအိမ်ယာများဆောက်လုပ်ရတွင်ဖြစ်စေ၊ တံတားများ၊ လမ်းများ ဆည်မြောင်းတာတမံများ တည်ဆောက်ရာ တွင်ဖြစ်စေ၊ ရည်ရွယ်တဲ့ အကြောင်းရင်းတွေရှိကြပါတယ်။ ရည်ရွယ်တဲ့ အကြောင်းရင်းကောင်းရင် များများပိုအသုံးဝင်မယ်၊ ရည်ရွယ် တဲ့ အကြောင်း မကောင်းရင်တော့ ကိုယ်လုပ်ခဲ့တဲ့ ပစ္စည်းတွေဟာ အသုံးမဝင်ပဲ အပိုဖြစ်ယုံမက၊ ရှားပါးတဲ့ ကိုယ့်ရဲ့ အရင်းအမြစ် တွေပါ အားလုံးဆုံးရှုံးသွားရမှာဖြစ်ပါတယ်။ နောင်လာနောင်သားအားလုံးအတွက် ဆပ်မကုန်နိုင်သော အကြွေးများ ကျန်နေမှာဖြစ် […]