““ဟေ့လူ…ထထ ရွာရောက်ပြီဗျ”” အောင်မယ်…ဒီစပါယ်ယာကြောင်တောင်တောင် နဲ့ လူကိုများရွာရောက်ပြီလာပြောနေသေးတယ်စီးလာတာနေပြည်တော်ကားကိုများ ““ဘာရွာရောက်တာလဲ နေပြည်တော်သွားမှာဗျ  မင်းရှုးနေလား”” ““အာ…ဘာနေပြည်တော်လဲဗျ ဒါရွာကား…. ဂိတ်ဆုံးပြီး ရွာထိပ်မှာနောက်ဆုံးဂိတ်ပဲ ပြီရင် ဒေါ်ဆူးမအိမ်နောက်မှာသွားရပ်မှာ”” ပြဿနာတက်ခြေပြီ ကျုပ်ကားမှားစီးမိလေသလား စဉ်းစား၏ မဖြစ်နိုင် ဘေးမှ အမူးသမားအားကြည့်သော် အရက်မူးရင်း မင်္ဂလ သုတ်ရွတ်နေလေ၏ ထိုသူ၏အသားက အတန်ငယ်မဲ၏ အနက်ဘက်သိုလု၏ အသေချာကြည့်သော် အနက်နုရောင် ပေါက်၏ ကျုပ်လဲ မူးမူးနှင့်စောဒက တက်၏ ..။။။ ““ဒီအသားအနက်နုရောင်နဲ့လူကျဘာလို့မဆင်းခိုင်းတာလဲ”” ““ဟာသူက ဒေါ်ဆူးမအိမ်နောက်က တဲမှာနေတဲ့ ဘုရားကိုးဆူ ဆရာ ဗျ သူက လမ်းသင့်လို့ဆက်လိုက်မှာ”” နည်းနည်းတော့မကျေနပ် ဒီကောင်တွေမောင်းချင်ရာမောင်းလာတာနေမည် ဆင်းရမည်ဆိုတော့လဲ နေလို့မဖြစ်ဆင်းမှရတော့ လေသည် ကားပေါ်မှဆင်းလေသော် ခန်ညားထယ်ဝါသော ရွာအဝင်ဆိုင်းဘုတ်အားတွေလေသော် ဖတ်ကြည့်၏ ဖတ်ရန် ခက်လေစွ ဘိုလိုရေးထားခြင်းဖြစ်၏ တတ်သမျှ […]


ကျုပ်တော့ ဘာ ကားစီးစီး ဘုရားကြီးဆူးရပါစေရဲ့ ခုံခြင်းကပ်လျှက် သံဃာတော်နဲ့မကျပါစေနဲ့ သီလရှင်ဆရာကြီးတွေနဲ့ကပ်လျှက်မကျပါစေကြောင်းဆုတောင်းရတာအမောပါပဲ နေပြည်တော်သွားလဲ ဒီတိုင်းပဲ “အိတ်စားပျက်” (“အိတ်စ်ပါတ် ဟုဖတ်ပါရန်)ကားတွေလက်မှတ်ဖြတ်လေတိုင်း သံဃာတော်နဲ့ ခုံခြင်းကပ် မပေးဖို့ အတန်တန် ကားဂိတ်ကိုသတိပေးရတာကလားဗျ  …ဒါကလဲ ကိုယ်အကြောင်းနဲကိုယ်လေသံဃာတော် များနှင့်အတူစီးရသော် အဂါရဝ မဖြစ်ရန် အထူးဂရုပြုနေထိုင်သောကြောင့်ဖြစ်လေသည်  ဒါပေမယ့် …………. ကောင်းမလေးချောချောများ ခုံခြင်းကပ်ရလို့ကတော့ မျက်စိလေးမှေး ပြီး တစ်စိမ့်စိမ့် အလှအပတွေအရသာခံကြည့်သွားတာများ နေပြည်တော်ရောက်လို့ဆင်းရမယ်ဂိတ်ကျရင်တောင် စပယ်ယာက ဂုတ်ဆွဲချရမတတ်ပါပဲ..။။။။။ ဒီနေ့လဲ နေပြည်တော် သွားရမယ် မနက်တည်းကကားလက်မှတ်ဖြတ်ပြီးသား ရုံးက ည(ရးဝ၀)နာရီထဲက ကားစောစောထွက်မှာ အကြောင်းပြပြီးလစ်လာလိုက် အိမ်ရောက်အောင်သုတ်ချေတင်ရတာပေါ့ မသွားခင်လေးတော့ အိမ်မှာနည်းနည်းလောက်အရှိန် လေးဘာလေးတင်သွားရမှာဗျ အရှိန်တင်တယ်ဆိုလို့ တစ်မျိုးမထင်နဲ့ဗျ  အရက်သောက်ဘို့ပြောတာလေ….။။။ အရက်ဆိုလို့ ကျုပ်တို့လူမျိုးတွေကလဲ အရက်သောက်ရင်သောက်တယ်ပေါ့ဗျာ ဟိုဟာဒီဟာနဲ့ အရက်သောက်တာကို နာမည် […]