lu ta loneApril 28, 20101min842
ဆယ်ကျော်သက် အရွယ်တွင် အရက်သောက်သည့် အလေ့အထ ရှိခဲ့သော အမျိုးသမီးများအနေနှင့် အသက်အရွယ် ကြီးရင့်လာချိန်တွင် ရင်သား၌ ရောဂါများဖြစ်ပေါ်နိုင်ခြေ မြင့်တက်လာလေ့ရှိကြောင်း သုတေသီများက ပြောကြားခဲ့သည်။ အထူးသဖြင့် အသက်(၂၀)ဝန်းကျင်တွင် အရက်သေစာ သောက်စားမှုကို စွဲမြဲပြုလုပ်ခဲ့ပါက ရင်သားကင်ဆာ မဟုတ်သော အခြားရောဂါများ ဖြစ်နိုင်ခြေ တိုးမြင့်လာနိုင်ကြောင်း Pediatrics ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသည်။ ကင်ဆာမဟုတ်သော ရင်သားရောဂါများ (BBD)တွင် ကင်ဆာကြိတ် မဟုတ်သော အကြိတ်အဖုများ ထွက်ပေါ်လာတတ်သည့် Fibroadenoma ကဲ့သို့ အခြေအနေမျိုးလည်း ပါဝင်ကြောင်း ဟားဗက်တက္ကသိုလ် ဆေးကျောင်းမှ ဒေါက်တာကက်သရင်း ဘာကီက ပြောကြားခဲ့သည်။ “ကျွန်မတို့ လေ့လာတွေ့ရှိမှုတွေအရ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သောက်တဲ့ မိန်းကလေးတွေ အသက်ကြီးလာတဲ့အခါ BBDရောဂါတွေ ဖြစ်နိုင်ခြေ တိုးလာတာ လက်တွေ့သိလာရပါတယ်။ ဒါ့အပြင် ရင်သားကင်ဆာနဲ့ရော […]