etoneAugust 20, 20101min701
ယနေ့ ဆရာဝန်များ တွေ့ရှိသော အချက်က ဆေးလိပ်နှင့်အရက် ပေါင်းစပ်လို့ မရပါ။ အရက်ရော ဆေးလိပ်ပါ ကျန်းမာရေးကို ထိခိုက်စေတတ်သည်။ ဤသည်မှာ လူတိုင်း အသိပင်..။ ယင်းနှစ်ခုကို ပေါင်းလိုက်မိလျှင် ပြဿနာမှာ ပို၍ပို၍ မျှော်မှန်းသည်ထက် ကြီးထွားသွားသည်။ အရက်ရော ဆေးလိပ်ပါ သောက်သုံးသူတို့၏ ဖျားနာဖို့နှုန်းသည် ဆေးလိပ်ကို မသောက်ပဲ အရက်ကို ရေသောက်သလို သောက်နေသောသူ၊ အရက်ကိုမသောက်ပဲ ဆေးလိပ်ကို မီးခိုးခေါင်းတိုင်ဖြစ်အောင် သောက်နေသော သူတွေထက် ပိုသည်ဟု ပြင်သစ်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ကင်ဆာရောဂါ သုတေသနမှ ပညာရှင်များက ဆိုပါသည်။ အဆိုပါ ဌာနကြီးမှ တာဝန်ရှိပုဂ္ဂိုလ်၏ ပြောပြချက်အရ နေ့စဉ် စီးကရက် တစ်ဗူးနှင့်အတူ အရက်ကို အသင့်အတင့် တွဲဖက်သောက်သုံးသောသူ၏ အစာမျိုလမ်းကြောင်း ကင်ဆာဖြစ်ဖို့နှုန်းသည် အရက်တစ်မျိုးထဲသာ သောက်သုံးတတ်သူ […]