ဆူးMarch 16, 20111min1066
ကိုမြ တယောက် ခါတိုင်းလိုဘဲ တောထဲ သစ်ခုတ်သွားခဲ့ပါတယ်။ ထိုနေ့မှာတော့ သူခုတ်စရာ မလိုဘဲ သစ်ပင်ကြီး တပင် လဲနေတာတွေ့ပြီး ခုတ်ထားသူ မည်သူ မည်ဝါ မသိတော့ ထို သစ်ပင်ကြီးရဲ့ အဖျားပိုင်းကို တုံးတစ်ပြီး အိမ်ကို သယ်လာခဲ့ပါတယ်။ ထိုအချိန်မှာ မောမောနဲ့ အိမ်က မိန်းမကို သတိရလာမိပါတယ်။ အတွေးထဲမှာတော့ မိန်းမလုပ်သူက အိမ်ဦးခန်းမှာ သနပ်ခါး မျက်နှာမှာ အဖွေးသားနဲ့ ဆေးလိပ်တိုပြီး ဖွာပြီး ခပ်တည်တည် နဲ့ အိမ်မှာ ထိုင်နေမှာကို တွေးပြီး စိတ်ထဲ မနာလို ဖြစ်မိတယ်။ ငါ့မှာတော့ သစ်ခုတ်တဲ့ လုပ်ငန်းနဲ့ ပင်ပင်ပန်းပန်း ကြိုးစား လုပ်ရသလောက် သူကတော့ အိမ်မှာ ဇိမ်ကျကျနဲ့ နေပြီး ငါရှာတာ စားပြီး တနေ့တနေ့ […]