moethidasoeJuly 12, 20111min17612
တကယ်ဆိုတော့ သွေးတိုးဆိုတာ ကိုယ်တွင်းအင်္ဂါ ဖောက်ပြန်လို့ ဖြစ်တတ်တာ ၂၀% လောက်ပဲ ရှိတယ် .. ကျန်တဲ့ ၈၀% လောက်က လူတွေကိုယ်တိုင် အနေအထိုင် အစားအသောက် မတတ်လို့၊ စိတ်မထားတတ်လို့၊ ဖြစ်လာကြတာ။ အနေအထိုင် အစားအသောက်မတတ်လို့ လို့ ပြောတော့ သိပ် လက်ခံချင်ကြတာ မဟုတ်ဘူးနော် .. အခုပဲ ကြည့်လေ .. ရှင့်ကို မှာထားသားပဲ .. ဆေးမှတ်တမ်းစာအုပ်ထဲမှာလဲ ပုံနှိပ်ပြီး ပြထားသေးတယ် .. သွေးတိုးရင် အငံမစားနဲ့၊ အချိုမှုန့် မစားနဲ့၊ လက်လုပ်ချဉ်တွေ မစားနဲ့၊ ဆော်ဒါ များများပါတဲ့ အစားအစာတွေ အထူးသဖြင့် မုန့်တွေ မစားနဲ့၊ အဆီအဆိမ့်များတဲ့ ဝက်ရယ်၊ အုန်းသီးပါတာရယ်၊ ထောပတ်ရယ် တတ်နိုင်ရင် မစားပါနဲ့လို့ မှာထား […]