– – ++++++++++++++++++++++++++++++++++++ စကားချပ် ……. ကျွန်ုပ်သည် အရာစူး နှစ်ခု ရေးဖူးပြီ။ ထို အရာစူး များအား ပြန်လှန် ဖတ်ရှုလိုသော မိတ်ဆွေတို့အတွက် လွယ်လင့်တကူ ပြန်ဖတ်နိုင်စေရန် လင့်ခ် များဖြင့် လမ်းညွှန်လိုက်ရပါပေ၏။   ==> အရာစူး – ၁ ….. အား ဖတ်ရှုရန် နှိပ်ပါ။ ==> အရာစူး – ၂ ….. အား ဖတ်ရှုရန် နှိပ်ပါ။   ++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++   ကျွန်ုပ်သည် ဂန်ထရီဦးထုပ် ဖြစ်လေ၏။ ကျွန်ုပ်သည် သက်တမ်း ထောင်ကျော်နေသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လင့်ကစား ရုပ်ရည်အားဖြင့်မူ ငယ်ရွယ်နုပျိုနေမြဲ ရှိနေသူ တစ်ဦးလည်း ဖြစ်ပေသည်။ ကျွန်ုပ်သည် […]


++++++++++++++++++++++++++++++++++++++++++++++++   ဘယ်သူ့မှတော့ မပြောကြနဲ့နော် …။ ဒါ အမှန်အကန် လျှို့ဝှက်ချက် ခင်ဗျာတို့ …။ ခင်ဗျားတို့ကို ချစ်လွန်လွန်းလို့ တိုးတိုးလေး ကပ်ပြောလိုက်တာလို့ မှတ်ပါ။ ကျုပ်ရဲ့ မှတ်တမ်းထဲမှာ ရေးထားတဲ့ အတိုင်းပဲ ပြောပြလိုက်ပါမယ်။   ++++++++++++++++++++++++++++++++++++++++++++++++   ကျွန်ုပ် မောင်အံ သည် တောင်သူ ဆင်းရဲသားတစ်ယောက် ဖြစ်သည်။ တစ်နေ့ တောင်ယာ လုပ်ရင်း မြေကြီးကို ပေါက်ပြားဖြင့် ပေါက်နေသည်။ ထိုအခါ ကျွန်ုပ် စိတ်တွင်းတွင် “ရတနာ သေတ္တာကြီး တွေ့လိုက်ရင်ဖြင့်” ဟူ၍ ကြံစည် စိတ်ကူးမိလေ၏။ ထိုအခါ တိုက်ဆိုင်လွန်းစွာပင် မာကြောသည့် အရာတစ်ခုအား ပေါက်ပြားဖြင့် ပေါက်လိုက်မိလေ၏။ ထိုအခါ ကျွန်ုပ်လည်း ထိုအရာအား သိလိုလှသဖြင့် လူသူ […]


ကျွန်ုပ် ဂန်ထရီ ဥူးဦးထုပ် သည် မြေသို့ လျှိုး၍ မိုးသို့ ပျံတက်နိုင်သော မန္တာန်ကို ကျွန်ုပ်၏ လေစားရပါသော အဘဆရာ ရသေ့ကြီး ဥူးကွက် ထံမှ တတ်သိခဲ့ရလေ၏။ ထိုဂါထာ မန္တာန်၏ စာသားများမှာ ခက်ခဲခြင်း အလျဉ်းမရှိ။ သို့ရာတွင် မန္တာန်အား အသက်သွင်းရန်မှာမူ လွန်စွာ ခက်ခဲလှသည်ဟု ဆိုရပေမည်။ ဤနေရာတွင် အလျဉ်းသင့်၍ အဆိုပါ ဂါထာမန္တာန်အား ထုတ်ဖော်ပြရပေဦးမည်။ မြေလျှိုးမိုးပျံ ဂါထာမန္တာန် (စာသား) ဥုံ …. အထက်မှာ ကောင်းကင် အောက်မှာ မြေကြီး … ငါကား အလယ်တည်း …. ဥုံ …. မှန်စေ … မှန်စေ … ငါကိုယ်တော် မြေလျှိုး မိုးပျံစေ … […]


လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ခန့်က ကျွန်ုပ်သည် မိုးပေါ်တွင် ပျံနိုင်သည့် ယာဉ် တစ်မျိုးမျိုးအား တီထွင်ရန် ကြံဆခဲ့ဖူးလေသည်။ ထိုအခါ ကျွန်ုပ်၏ ပတ်ဝန်းကျင်မှ လူများက ကျွန်ုပ်အား ဒီကောင် “အရူး” ဟု ဝေဖန်ခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အမြင်၌ တန်ခိုးရှင် များသာလျှင် မိုးပေါ်ပျံနိုင်လိမ့်မည် ဟူသော အယူအဆ လွှမ်းမိုးနေခဲ့သောကြောင့်ပင် ဖြစ်လေသည်။ ယနေ့ခေတ် ကာလအား ကြည့်လိုက်ပါ။ လေယာဉ်ပျံတွေ မိုးပေါ်မှာ ပလူပျံနေသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံကို နာရီပိုင်း၊ မိနစ်ပိုင်းအတွင်း ကူးသန်း သွားလာနိုင်၏။ အာကာသ သို့တိုင် တက်ရောက် နိုင်ခဲ့လေပြီ ဖြစ်သည်။ ကျွန်ုပ်၏ အသက်မှာ နှစ် (၂၀၀၀) ကျော်ခဲ့လေပြီ ဖြစ်၏။ အတိအကျ ရေတွက်ပြရလျှင် […]