AKKOOctober 20, 20101min631
ကုသမှုနည်းလမ်းများ (၁) အကိုက်အခဲပျောက်ဆေးစားခြင်း(NSAID) လောလောဆယ်နာနေသော ဒုက်ခကို ပယ်ရှားပေးပါသည်။သို ့သော် အစာအိမ်လေနာရှိသူ များ အစာအိမ်သွေးယိုဖူးသူများအနေဖြငိ့ ဆရာဝန်နှင့် ကိုယ်တိုင်တိုင်ပင်ပြီး သောက်သင့်ပါသည်။ ယခုအခါ အစာအိမ်ကို ထိခိုက်မှု နည်းစေသော အကိုက်အခဲပျောက်ဆေးသစ်များပေါ်လာပြီ ဖြစ်သဖြင့် ရေရှည်အတွက် သုံးစွဲသင့်ပါသည်။ (ဥပမာ- Meloxicam, rofecoxid) (၂) ရောဂါဟန် ့တားဆေးစားခြင်း အဓိကပြသာနာမှာ အရိုးနုပါးပြီူး အဆစ်ရိုးတွင်အက်ကြောင်းထင်ကာ ကျည်းပေါင်းပြန်တက် ရာမှ မျက်နှာပြင် မညီမညာဖြစ်ပြီး အရိုးခြင်းပွတ်ကာ နာခြင်းဖြစ်သည်။ ယခုအခါ အရိုးနုကိုပြန်ထူစေ သော ဆေးပေါ် လာပြီဖြစ်သဖြင့် ရောဂါကို ဟန် ့တားနိုင်ပြီး အကိုက်အခဲပျောက်ဆေးရည်များ ရေရှည် သုံးစွဲနေရမှုကို ကာကွယ်နိုင်ပါပြီ။ (ဥပမာ- Glucosamine, 750-1500mg/dayx2လ) (၃) ခွဲစိပ်ကုသခြင်း အရိုးကိုပြန်တည့်ပေးခြင်း၊ အဆစ်အစားထိုးခြင်းဖြင့် […]