AKKOOctober 20, 20101min1487
ဒူးနာခြင်းသည် အရိုးကျည်းပေါင်းတက်ခြင်းကြောင့်ဟုတ်/မဟုတ်ဘယ်လိုသိမလဲ အောက်ပါမေးခွန်းများအတွက် အဖြေအားလုံး သင့်အတွက် မှန်လျှင်သေချာသည်။ ၁နှစ်အတွင်း တစ်လဆက်တိုက် ဒူးနာဖူးပါသလား။ ၂ လှေခါးအတက်အဆင်း အခက်အခဲ ရှိပါသလား။ ၃ အခြားအဆစ်များမနာဘဲ ဒူးတစ်ဖက် (သို ့) နှစ်ဖက် ကသာ အဓိကနာပါသလား။ ရောဂါသေချာအောင် ဘာလုပ်နိုင်သေးသလဲ ဒူးကိုဓါတ်မှန်ရိုက်ကြည့်ခြင်းဖြစ် အဆစ်အတွင်း အကွာအဝေး လျှော့ကျသွားခြင်း အရိုးများပိုဖြူ လာခြင်း အရိုးအတက်ထွက်ခြင်း စသည့် သွင်ပြင်များကိုသိရှနိုင်ပါသည်။ သို ့သော် ဓါတ်မှန်တွင် ကျည်းပေါင်းတက်သွင်ပြင်ရှိသော သူတိုင်းနာကျင်မှုမရှိပါ။ ရောဂါလက်ခဏာနှင့်ဓါတ်မှန်တွေ ့ရှိချက် ကို်ညီမှသာ အလေးထားကုသရန် လိုသည်။ ရောဂါလက်ခဏာများ ဒူးနာ ခါးနာ ဇက်ကြောနာခြင်း မနက်အိပ်ယာထစတွင် သိပ်မနာသေးဘဲ  အဆစ်ကို အသုံးများပြီးသောအချိန် ညနေစောင်းတို ့တွင် ပိုနာခြင်း ကြာလာလျှင် အဆစ်၏ […]