alien on the planet earthOctober 13, 20101min510
FORWARD MAIL အားပြန်လည်ဝေမျှပါသည်. လွန်ခဲ့သော ရှေးပဝေသဏီ နှစ်ပေါင်းနှစ်ထောင်ငါးရာကျော်က ရှင်တော်ဗုဒ္ဓ ကိုယ်တိုင် ရာဇဂြိုလ် နိုင်ငံသား သိင်္ဂါ လ သတို့သားကို အကြောင်းပြုပြီး ကမ္ဘာ့လူသားထု တစ်ရပ်လုံးအတွက် ကျင့်သုံးစရာ အကောင်းဆုံး ကျင့်ဝတ်များကို ချ မှတ်ကာ ဟောကြားခဲ့၏။ ထိုကျင့်ဝတ်များသည် ယနေ့အထိ သစ်လွင်နေဆဲ၊ တောက်ပနေဆဲ၊ ခိုင်မြဲနေဆဲ၊ မှန်ကန်နေဆဲ နောင်လည်း နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိနေမှာပါ။ မင်္ဂလာ သတို့သားအတွက် ဗုဒ္ဓက လိုက်နာကျင့်ဆောင်ရန် ကျင့်ဝတ်ငါးခု ချမှတ် အကြံပြု မိန့်ကြားလမ်းညွှန်ခဲ့ ၏။ ထိုကျင့်ဝတ်နှင့် ပတ်သတ်၍ ရှေးဆရာတော်များက အမှတ်ရလွယ်အောင် ကဗျာစပ်ပေးခဲ့ ကြ၏။ “ခင်ပွန်း ကျင့်ဝတ်ငါးပါး” “ မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊ မြတ်နိုးကျင်၊ ငါးအင်လင်ကျင့်ရာ။” […]