alinsettJanuary 19, 20121min877
( အမှောင် မပါသော ည….. ) ၁ ။ ။ ရေးရင်း တန်းလန်း…အဆုံးမသတ်လိုက်ရသေးမီ…ပစ်ပယ်ထားလိုက်ရသော..စာများ..။ မပေးဖြစ်လိုက်သော ချစ်ခွန်းခြွေလွှာများ…. မရေရာသော မျျှော်လင့်ချက်များ….. စသည်ဖြင့် … ကျွန်တော့် အိတ်ထဲမှာ ပြည့်နှက်နေပါသည်။ သို ့သော် ..ကျွန်တော် ပြောပြချင်သည်မှာ…ထိုအရာများအကြောင်း မဟုတ်ပါ။ ညများ..နှင့် လမ်းလျှောက်ခြင်းများအကြောင်းသာ.. ပြောပြချင်ပါသည်။ အရောင်တစ်လက်လက် ထ..နေသော ကြယ်များ( ပါဝင်သော်လည်း.. ) ဤည သည် ကျွန်တော်ကိုယ်တိုင် မနှစ်သက်သော ည..ဖြစ်သည်။ ၂ ။ ။ သို ့သော်…ကျွန်တော်သည် ည ထဲမှ မထွက်ခွါချင်သေးပါ။ ညသည်…အဆင်တန်ဆာတစ်ခု မဟုတ်ဘူးဆိုသော်လည်း… ကျွန်တော် ဆင်မြန်းချင်သော…ဝတ်ရုံတစ်စ ဖြစ်သည်။ ညသည်….လူငယ်တစ်ယောက်၏ အိပ်မက်များကို ခင်းကျင်းပြ သ ခွင့်ရအောင်… […]