alinsettNovember 25, 20111min20215
ချစ်ခြင်းတိုင်း..အပြစ်မကင်းနိုင်ကြောင်း….သိပါသည်။ သို ့သော် ကျွန်တော်..သူမကို ချစ်သော အချစ်ကတော့… ရာနှုန်းပြည့် သန့်စင်ကြောင်း.. အာမ ခံပါသည်။ သူမကို ကျွန်တော်..စ ချစ်ကတည်းက ဘုရားရှေးမှာ ဒူးထောက် ခွင့်တောင်းပြီးမှ…ချစ်ခဲ ့သည်။ ကျွန်တော့်ကို ကျွန်တော်..ပြန်ချုပ်ကိုင်သော ကတိ အထပ်ထပ်တို ့ဖြင့် တင်းတင်းရစ်ပတ်ပြီးမှ ချစ်ခဲ့သည်။ ကျွန်တော့်လက်ထက်တွင် အချစ်သည် မိမိ ကို မိမိ ပြန်အုပ်တတ်သော.. ပိုက်ကွန်တစ်လက်… ကျွန်တော့်လက်ထက်တွင် အချစ်သည်….မိမိ ကို မိမိ ပြန် ချုပ်နှောင်တတ်သော..ကြိုးတစ်ချောင်း… ထို ့ထက် တစ်ဆင့်တက် ပြောရလျှင်… အချစ်သည်..ကျွန်တော့်ကိုယ် ကျွန်တော် ပြန် တိုက်ထားသော..ကျိန်စာ တစ်ပိုဒ် ဖြစ်ပါသည်။ **************************************************** *************************************** ကျောက်သား ရုပ်တု များ ဒူးထောက်ကျ..သွားစေလောက်အောင် လှပသော သူမ၏ […]