Ma EiJanuary 22, 20131min35250
သတင်းနှင့်ဓာတ်ပုံ- မမ(လားရှိုး) သို့…..ပေးစာတစ်စောင်   တနင်္လာ၊ ဇန်နဝါရီ ၂၁၊ ၂၀၁၃ နေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၁ဝ ပြည်တွင်းသတင်း ကဏ္ဍမှာ ပြည်ပပို့ကုန်အမယ်သစ်တစ်မျိုးဖြစ်လာနိုင်သည့် တစ်ပိုင်တစ်နိုင် မက်မန်းသီးလုပ်ငန်း  ခေါင်းစဉ်ဖြင့် ပြင်ဦးလွင်မြို့၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော မက်မန်းသီးလုပ်ငန်းအကြောင်း သတင်းအဖြစ်တင်ပြထားပါတယ်။ မက်မန်းသီးလုပ်ငန်းအကြောင်းကို အပင်မှစ၍ စိုက်ပျိုးရာဒေသ၊ စိုက်ပျိုးပုံ အသီးဆွတ်ခူး ဈေးကွက်တင်ပို့သည်ထိ စိုက်ပျိုးသူ၊ အဝယ်တော်၊ ကုန်ကြမ်းလုပ်ကိုင်သူ၊ စသည်ဖြင့် မေးမြန်းရေးသားထားသည်ကိုဖတ်ရှုရခဲ့ပါသည်။ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်သည့် စီးပွားရေးဖြစ်သည့်အတွက်ဆင်းရဲမှုလျှော့ချနိုင်သော အခွင့်အလမ်းများဖြစ်ပြီး ဝင်ငွေရစေနိုင်ပေသည့်မက်မန်းသီးလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ကြမည်ဆိုလျှင် မက်မန်းဝိုင်သည် မြန်မာပြည်၏ တင်ပို့ကုန် အမယ်သစ် ဖြစ်လာနိုင်ကြောင်း သတင်းနှင့်ဓာတ်ပုံ- မမ(လားရှိုး) ကရေးသားထားပါတယ်။   ပြောချင်တာက သတင်းနှင့်အတူ တင်ပြထားတဲ့ ဓာတ်ပုံလေးပါ ။ […]