etoneJune 15, 20111min33929
ဆပ်ကပ်ထဲမှာ မဟုတ်ပါဘူး … တကယ့် လုပ်ငန်းခွင်မှာ အထိန်းကွပ်မဲ့စွာ အလုပ်လုပ်နေတာပါ … ။ အသက်နဲ့ ခန္ဓာတည်မြဲဖို့ ခြေနှစ်ဘက်ကို အားပြုပြီး လက်နှစ်ဘက်က အလုပ်လုပ်ရင်း ပြုတ်မကျအောင် ထိန်းနေရရှာတယ်… ။ မနေ့က မိုး အရမ်းသည်းနေတဲ့ အချိန် မျက်စိကစားလိုက်တုန်းတွေ့တာမို့ လျှပ်တပြတ်ရိုက်လိုက်တာပါ …  ။ အဆောက်ဦးတခု ဖြစ်တည်မြဲဖို့ အလုပ်သမားတယောက်ရဲ့ အခန်းကဏ္ဍကလည်း မသေးဘူးဆိုတာ ပေါ်လွင်နေပါတယ် … ။ လူသုံးရပ်ကျော်လောက် အမြင့်ရှိပါတယ်..။ ခါးမှာ လည်း ဘာကြိုးမှ ချည်မထားပါဘူး … ။ ပြုတ်ကျလျှင် အနည်းဆုံး ခြေကျိုး၊ လက်ကျိုးဖြစ်နိုင်ပြီး အသက်အန္တရာယ်ပါ ထိခိုက်နိုင်တာမို့ သက်စွန့်ဆံဖျား အလုပ်လုပ်ရတဲ့ အဖြစ်ကို မှတ်တမ်းထင်ထားလိုက်ပါတယ်… ။