လွမ်းမိတယ်မိန်းကလေးရယ်   “အနောက်တောင်မုတ်သုန်လေသည် ရခိုင်ရိုးမ၊ ဧရာဝတီတိုင်း၊ တို့ကိုဖြတ်သန်းလျက် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်အားကောင်းပါမည် ရှင်…” ကောင်မလေးရေ…. အနောက်ဘက်မှာ မိုးတွေညိုမှဖြင့် တစ်ချိန်ကချစ်ခဲ့ရတဲ့ မင်းကို လွမ်းတယ်။ အထီးကျန်ခဲ့ရတဲ့ ကတ္တရာ နက်နက် တွေနဲ့ အဓိပတိလမ်းမကြီးကို လွမ်းတယ်။ အပြေးအလွှား ခိုဝင်ခဲ့ဖူးတဲ့ မိုးရေစိုရွှဲနေတဲ့ ကံ့ကော်ပင်တွေကို လွမ်းတယ်။ ကုက္ကိုပင်တန်းတစ်ဖက်တစ်ချက်နဲ့ ထိုင်ဆွေး ခဲ့ဖူးတဲ့ ချစ်သူလမ်းကြားကလေးကိုလွမ်းတယ်။ ပထမဦးဆုံးနဲ့နောက်ဆုံးအကြိမ် မပေးဖြစ်ခဲ့တဲ့ ရည်းစားစာလေးကိုလွမ်းတယ်။ ခန္ဓာကိုယ်သွယ်လျလျ၊ နှုတ်ခမ်းပါးလေးတွေနဲ့ ပါးချိုင့်ကလေးပေါ်အောင်ပြုံးတတ်တဲ့ ကောင်မလေးတွေ ကိုမြင်ရင် မင်းကိုလွမ်းတယ်။   ငွေရောင်လှိုင်းကြက်ခွပ်၊ အင်းယားကန်ဘောင် တစ် လျှောက် “ဝါး”ကနဲအော်ရယ်လိုက်တဲ့ အသံကိုကြားရင် မင်းကိုလွမ်းတယ်။ အညှိုးကြီးတဲ့ မိုးသည်းသည်းတွေနဲ့ အလွမ်းဇာတ်ကား ကိုမှ ပိုကြိုက်မိခဲ့တဲ့ကိုယ့်လိုလူ“အူကြောင်ကြောင်လူကြီး” တဲ့။ […]


kaiOctober 28, 20101min570
အလွမ်း နီးသလိုလိုနဲ့…အဝေး။ ဝေးသလိုလိုနဲ့ …အနီး။ သက်တန့်မြစ်ရစင်းစာ ဖူးငုံသီကြွေ…..။ နွေအနမ်းတိုင်းမှာ ဆောင်းကြွင်းမီးခိုးပွင့်တွေကမညှာမတာ အဲ့ဒီ့မျက်ဝန်းတချက်ဆို ဟောဒီ့ကောင်းကင်ကြီးတခုလုံးဟာလဲ ပတ်ကြားအက်။ ရာသီတော်၁၂ပါးရဲ့ အလင်းမဲ့အမှောင်မဲ့ အကြားမဲ့အမြင်မဲ့ ရုပ်မဲ့နာမ်မဲ့ ရှိခြင်းတရားမရှိခြင်းတရားများ….. သင်တို့အား ယခုအချိန်သက်ပြင်းတရှိုက်စာ စွန့်ခွာခွင့်ပြုပါ။ ”…..ကျမသည် မျက်ကန်းမဟုတ်သော်လည်း တစ္ဆေနှင့် ရဲတင်းလွန်းသူ….” (ခရမ်းရင့်ရောင် ဒုတိယပတ်ဒိုင်ယာရီ) နီးသလိုလိုနဲ့…အဝေး။ ဝေးသလိုလိုနဲ့ …အနီး။ အဝေးဆုံးကြယ်နှစ်ပွင့်ရဲ့အလင်းနှစ်တိုင်းဟာ အဝေးဆုံးကြယ်နှစ်ပွင့်အတွက် အနီးကပ်ဆုံးချစ်ခြင်းမေတ္တာဖြစ်တယ်။ မွန်ဒရာ မှတ်ချက်။  ။ မန္တလေးဂေဇက် အောက်တိုဘာထုတ်တွင်ဖေါ်ပြပြီး