နွယ်ပင်June 29, 20111min1539
မနေ့က အလုပ်တွေကလဲများ ပင်ကလဲပင်ပန်းဆိုတော့ သင်တန်းသွားရတာ တကယ်ကိုစိတ်ကမပါဘူး မတက်လို့ကလဲ မဖြစ်တော့ သွားတယ်ဆိုတဲ့အဖြစ်လေးနဲ့ သွားတော့ သင်တန်းလဲရောက်ရော အိပ်ကငိုက် စာမေးရင် တစ်လွဲဖြေနဲ့ ဟုတ်နေတာပဲ စာသင်ပေးတဲ့အစ်မက တစ်ခါမေးလိုက် နွယ်ပင်က တစ်လွဲဖြေလိုက်နဲ့ (2) ခါ (3) ခါလောက်လဲ လွဲရောအစ်မက ကဲ ဒီလိုပုံဆိုရင်တော့ မရတော့ဘူး နွယ်ပင်တစ်ယောက်တော့ အိပ်ကလဲ ငိုက် စာမေးရင်လဲ မေးတာတစ်ခြားဖြေတာ တစ်မျိုးနဲ့ ဟိုပုံပြင်ထဲကလိုဖြစ်နေပြီဆိုပြီး ပြောတော့တာပေါ့ . အဲတော့ အိပ်ငိုက်နေတဲ့ နွယ်ပင်က ပုံပြင်လဲဆိုရော ချက်ခြင်းပဲခေါင်းထောင်ပြီး အစ်မပြောပြပါဆိုပြီး ရွာထဲမှာရေးဖို့အတွက် ကုန်ကြမ်းရှာတဲ့အနေနဲ့ အတင်းပြောပြခိုင်းတာပေါ့ အဲတာနဲ့ ပုံပြင်လေးက ………….. တစ်ခါက တိုင်းပြည်ကြီး တစ်ပြည်မှာ စစ်မက်ရေးရာကို ဝါသနာပါတဲ့ ဘုရင်ကြီးတစ်ပါးရှိပါတယ် ဘုရင်ကြီးက စစ်မက်ရေးရာကို […]