ငွက္ကေလးMarch 18, 20141min1225
ကော့မှူးမြို့နယ် အောင်ဇမ္ဗူဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သုတဘဏ် (https://www.facebook.com/knowledgebankgroup) မှသွားရောက် လှူဒါန်းရန် အစီအစဉ်ရှိပါတယ်။ အဆိုပါကျောင်းတွင် ရဟန်း ၂၁ ပါး၊ သာမဏေ ၁၁၄ ပါး၊ ကျောင်းနေစာသင်သား ၁၂၄ ယောက်၊ စုစုပေါင်း ၂၅၉ ဦးနှင့် သူငယ်တန်းမှ ဒသမတန်းအထိ ကျောင်းသားပေါင်း ၁၁၀၆ ဦးခန့် ရှိပြီး ကျောင်းနေကျောင်းသား အများစုမှာ မိဘမဲ့နှင့် ဆင်းရဲသူများဖြစ်ကြပါတယ်။ ကျောင်း၏လိုအပ်ချက်များမှာ စာသင်ဆောင်များရှိကြမ်းခင်းများ ပေါက်နေခြင်း၊ ဓနိမိုးခေါင်များကို ပြုပြင်ရန်လိုအပ်ခြင်း၊ စာသင်ဆောင်များမှ ယာယီတဲအဆင့်မျှသာရှိခြင်း၊ ထင်း ရှားသောဒေသဖြစ်ရာ ထင်းမီးဖိုသာရှိသဖြင့် ထမင်း၊ ဟင်း၊ ချက်ရန် အခက်အခဲရှိခြင်း၊ ကလေးများအတွက် စားဝတ်နေရေး မပြည့်စုံခြင်း၊ စာရေးကိရိယာ မပြည့်စုံခြင်း၊ ဆေးဝါးမပြည့်စုံခြင်းတို့နှင့်အတူ ဆရာတော်သီတင်းသုံးရာ အဆောင်မှာလဲ ဓနိမိုး တဲလေးသာဖြစ်ပါတယ်။ ထို့ပြင် […]