ကိုထူးဆန်းရဲ့ရခိုင်အလှူနောက်ဆက်တွဲကတော့ ကိုထွန်းဝင်းလတ်မော်လူး က စာသင်ကျောင်းဆောင်လှူဒါန်းရေးဖြစ်သွားပါတယ်။ ဒုတိယအလှူအတွက်ပေးငွေ 1061800ကျပ်ကို ကမ္ဘောဇဘဏ်ကနေကျနော်ဆီလွဲပေးလိုက်ပါတယ်။ အလှူအတွက်လိုအပ်တဲ့စာရင်းလဲပါလာပါတယ်။ ကိုပေက သွတ်ပြားဈေးတွေစုံစမ်းပါတယ်။ နောက်တော့ကိုပေနဲ့ကျနော်နှစ်ယောက်သွားဝယ်ပြီးမော်လူးလှည်းခေါင်းဆီပို့ပေးလိုက်ပါတယ်။ (27-7-2012)နေ့မှာကိုထွန်းဝင်းလတ်ဆီရောက်သွားပါတယ်.။ ဒီနေ့ ထိုင်ခုံဆယ်လုံးဝယ်ပြီး မော်လူးလှည်းခေါင်ထံအပ်ပေးလိုက်ပါတယ်။ ပိုငွေအားလုံးကို ကိုထွန်းဝင်းလတ်ထံလွှဲလိုက်ပါတယ်။ စာရင်းအသေးစိတ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ မော်လူး နောက်ဆက်တွဲအလှူငွေစာရင်းရှင်းတမ်း ကျပ် ကိုထူးဆန်းမှ ကမ္ဘောဇဘဏ်မှလွှဲငွေ       1,061,800 သွပ်ပြား+သွပ်မိူဝယ်       888,000 သွပ်ပြား တန်ဆာခ         85,000 ထိုင်ခုံဆယ်လုံး         42,000 တန်ဆာခ           6,000 စုစုပေါင်းကုန်ကျစားရိတ်       1,021,000 ကိုထွန်းဝင်းလတ်ထဲလွှဲပေးငွေ            40,800