Yin Nyine NwayDecember 17, 20121min21320
ဒိနေ့ရှင်လောင်းလှည့်မဲ့ ရက်လေ အနော် မနက် ကတည်းက အလုပ်များနေတယ် မောဝ်းမောဝ်း၊ ပေးပေး တို့ကို ဘေးအိမ်က အမက မိတ်ကပ်အဖွေးသားလိမ်းခြယ်ပေးနေတယ် ဒေါ်ဒေါ်နဲ့ ဦးလေတို့ကတော့ ရပ်ကွက်လူကြီးနဲ့ ဒီနေ့ကျွေးမဲ့ ကိစ္စ ရှင်လောင်းလှည့်ဖို့ ကားတွေ ပြင်ဆင်နေကြပါတယ် မောင်ရင်လောင်းဘေးမှာ ကလေးတွေတန်းစီလို့ အားကျတဲ့မျက်နှာပေးတွေနဲ့ထိုင်ကြည့်နေကြပါတယ် မောင်ရင်လောင်းဝတ်စုံမှာပါတဲ့ ဘော်ကြယ် လှလှလေးတွေကို ကိုင်ကြည့်ရင်း အထူးအဆန်းမျက်လုံးတွေနဲ့ပေါ့ လူပျိုတွေကတော့ မောင်ရင်လောင်းစီမဲ့ကားရယ် ပွဲတခုလုံးမှာ အနှောင့်အယှက်မဖြစ်စေဖို့ နတ်ကောင်းနတ်မြတ်ပင့်ထားတဲ့ နတ်ကား ဘုရားပင့်ထားတဲ့ကားတွေကို အလှဆင်ကြပါတယ်အရင်ဆုံး ရှေ့ဆုံးမှာ ဘုရားကား ဘုရားကားပေါ်မှာ ရွှေထီးနှစ်လက်ရယ် လူကြီးတယောက်ရယ် ရှေ့ခန်းမှာ အနော့ပေါ့ပေါ့ သူ့ကားနောက်မှာ နတ်ကား နတ်ကားမှာ အုန်းငှက်ပျောပွဲရယ် ရွှေထီးနှစ်လက် သူ့နောက်မှာ မောင်ရင်လောင်း အနော့အကို မောဝ်းမောဝ်း ကား ရှေ့ခန်းမှာ ဦးဦးက […]