etoneFebruary 22, 20111min1043
ကျမအချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိပါတယ်… ငယ်ငယ်လေးကတည်းက အတူတူ ကျောင်းတက်လာတာပေါ့ … အိမ်ကလည်း မနီးဘူးဆိုပေမဲ့ မဝေးလွန်းတာကြောင့် အမြဲလိုလို အဆက်သွယ်ရှိခဲ့ပါတယ်…။ ကျမသူငယ်ချင်းက အေးပါတယ်… ။ ရိုးအတဲ့လူစားမျိုးပါ… သူ့မှာ အမြဲ သူများ အနိုင်ကျင့်ခံနေရတာ များပြီလေ … ။ ကျမကပဲ သူ့ဘဝမှာ တိုင်ပင်ဖော်တိုင်ပင်ဖတ်ပေါ့… မူလတန်းကတည်းက အပေါင်းသင်းဖြစ်ခဲ့ပြီး နှစ်တွေကြာလာတော့ … သံယောဇဉ်လည်းဖြစ်ခဲ့ရတာပေါ့… ။ နောက်ကြုံမှ ပဲ သူနဲ့ ပတ်သတ်တဲ့ အူလည်လည် ဇာတ်လမ်းတွေ ရောင်တောင် ပေါင်တောင်လေးတွေ ထည့်ရေးရပါဦးမယ ်.. အဖြစ်ပျက်တွေက အမှတ်တရနဲ့ ရယ်စရာလေးတွေ ကျန်ခဲ့တာကြောင့်ပါ… ။ ကျမသူငယ်ချင်း နဲ့ ကျမနဲ့ ငယ်ငယ်ကတည်းက အတူ ကျောင်းတက်လာတာဆိုပေမဲ့ ဆယ်တန်းအောင်လို့ လိုင်းခွဲပြီး တက္ကသိုလ်ရွေးတော့ ကျမနဲ့ […]