ချစ်သူ ….. အနေဝေးတာလေးတစ်ခုနဲ့ မင်းနှလုံးသားမှာစီးဆင်းနေတဲ့ ကိုယ့်အတွက် နှလုံးသွေးတွေ အေးသွားခဲ့ပြီလား ….. ။ တစ်ချိန်ကကိုယ့်အတွက်ဖြစ်ခဲ့တဲ့ မင်းပါးပြင်လေးတွေက သနပ်ခါးလိမ်းရုံသက်သက်ဖြစ်သွားခဲ့ပြီလား ….. ။ ကိုယ့်ကိုအရမ်းချစ်တယ်လို့ပြောခဲ့ဖူးတဲ့ မင်းနုတ်ခမ်းလေးတွေက သရော်ပြုံးတွေပြုံးတတ်နေပြီလား …. ။ ကိုယ့်ရဲ့ဘယ်ဘက်ရင်ခွင်မှာ မင်းပြန်လည်နားခိုမယ့်နေ့ကို မျှော်လင့်ရင်း အသည်းကွဲမှန်းမသိ ကွဲခဲ့ရပြီ …… ။ ။