TharlattSeptember 15, 20111min1098
အသည်းကွဲ သီချင်းကြိုက်တဲ့ကောင် အဲဒီကောင်ပေါ ့………… အသည်းကွဲသီချင်းတွေအမြဲနားထောင်တတ်တာ သူပြောနေကျစကားက ဒါဏ်ရာတွေနဲ့မှ လူပီသ တယ်တဲ့ ။         ။ သူဟာ celebrity တစ်ယောက်မဟုတ်ရှာတော့ ………. သူဘာရေမွှေးသုံးသလဲ မေးတဲ့လူမရှိဘူး သူအပြင်ထွက်ရင် ဘာဆောင်သလဲ မေးတဲ့လူမရှိဘူး သူ့ဘဝရဲ့ အမှတ်ရစရာတွေကို မေးတဲ့လူမရှိဘူး ။               ။ သူ့မှာ အထပ်ထပ်ကြေမွနေတဲ့အပြာရောင်ကောင်းကင်ရှိတယ် အကျဉ်းစံနာရီလက်တံတွေနဲ့ လွက်ရက်မရှိနှလုံးသားတစ်ခုရှိတယ် မျှော်လင့်ချက်တပွေ့တပိုက်နဲ့ ကွေ့ကောက်စီးဆင်းခဲ့တဲ့မြစ်ကျိုးအင်းတစ်ခုရှိတယ် သူ့နာမည်ကို အလွတ်မရတဲ့ သူစွဲလန်းရတဲ့ ကောင်မလေးတစ်ယောက်ရှိတယ် လက်ကျန်စာရင်းမှာ စင်ဒရဲလားနဲ့ မတော်တဲ့ဖိနပ်တရံရှိတယ် အစာအိမ်ကိုဖာထေးဖို့ မတောက်တခေါက်ပညာတစ်ချို့ရှိတယ် ငွေကြေးကို ဒုတိယဘုရား အဖြစ်မကိုးကွယ်ချင်တဲ့ တလွဲမာန တစ်ချို့ရှိတယ် နာကျင်ချိန်တွေမှာ …… နောက်မှီမပါတဲ့ ကုလားထိုင်တစ်ချို့ ရှိတယ် …………………………………………. ရှိတယ် …………………………………………. ရှိတယ် ။ […]