kaiOctober 27, 20101min1303
ယခုပြောပြဆွေးနွေးလိုသည့် အကြောင်းအရာ မှာအရေးကြီးပါသည်။ စာရေးသူ၏အပြင်လူနာဆေးခန်းများတွင်မကြာခဏကြုံတွေ့ရပြီးနားလည် သဘောပေါက်အောင် စိတ်ရှည်ရည်နှင့်ရှင်းပြရသည့် သားအိမ်အသားလုံး ဖြစ်သော (Myoma/Fibroid) ဖြစ်သည်။ Myoma မှာကင်ဆာမဟုတ်ပါ။ အပျိုကြီးများ၊ အိမ်ထောင်ရှိလျက် ကလေးမမွေးသူများ၊ ကလေးဦးရေနည်းသူများ၊ အရွယ်ကောင်းလျက် နောက်ဆုံးကလေးမွေးပြီး ကိုယ်ဝန်ထပ်မံမရှိ တော့ဘဲ နှစ်ကြာနေသူများတွင် အဖြစ်များပါ သည်။ အသက်၃၅နှစ်နှင့်အထက် အမျိုးသမီးများကို အာလ်ထရာဆောင်းနှင့် စမ်းသပ်ကြည့်ပါက အများစုတွင်တွေ့နိုင်ပါသည်။ များသောအား ဖြင့်ကွမ်းသီးလုံး၊ဂေါ်လီလုံးအရွယ်ခန့်သာရှိတတ်သည်။ တစ်လုံးမှသုံးလုံး၊ လေးလုံးအထိရှိ နိုင်ပါသည်။၎င်းလူနာများတွင် ဘာလက္ခဏာမှ မပြပါ။သွေးသားမှန်ပြီး ကိုက်ခဲခြင်းလည်းမရှိ တတ်ပါ။ အာလ်ထရာဆောင်းလုပ်မှသာတွေ့ရသည်၊ဘာမှမခံစားရပါ။ သို့ရာတွင်အာလ်ထရာဆောင်းလုပ်စဉ်မှာအသားလုံးကလေးများရှိနေကြောင်းပြောလိုက်၍ အသေးစိတ်မသိဘဲစိတ်သောကရောက်ပြီးမနေနိုင်မထိုင်နိုင်ဖြစ်ကြသည်။ တချို့လူနာများ က အိုဂျီထံတောင်းပန်၍ ခွဲစိတ်မှုခံယူလိုက်ကြသည်။ သားအိမ်အသားလုံးအတွက် စာရေးသူမှလူနာ ၏ အခြေအနေအမျိုးမျိုးအပေါ် မူတည်ပြီးအကြံ ပြုလိုပါသည်။ Myoma သားအိမ်အသားလုံးကိုခွဲစိတ်ကုသရန်မှာအချက်များစွာပေါ်တွင်မူတည်ပါသည်။ ၁။အသားလုံး၏တည်နေရာ ၂။အသားလုံး၏အရွယ်အစား ၃။အသားလုံးအရေအတွက်နှင့် […]