notsyntheticsApril 24, 20101min1877
(၁) ဤကမာ္ဘလောက၌ ယောက်ျား၏ မြတ်သော ဥစ္စာပစ္စည်းကား အဘယ်နည်း။ (၂) ကောင်းသော အလေ့အကျင့်တို့တွင် အဘယ်ကောင်းသော အလေ့အကျင့်သည် ချမ်းသာကို ဆောင်နိုင်သနည်း။ (၃) အရသာတို့တွင် အဘယ်အရသာသည် အလွန့်အလွန် ချိုမြိန်သော အရသာ ဖြစ်သနည်း။ (၄) အသက်မွေးမှုတို့တွင် အဘယ်သို့သော အသက်မွေးမှုကို မြတ်သော အသက်မွေးမှုဟု ဆိုသနည်း။ (၅) အဘယ်ဖြင့် သံသရာဝဲဩဃကို ကူးမြောက်နိုင်သနည်း။ (၆) အဘယ်ဖြင့် သံသရာပင်လယ်ကို လွန်မြောက်နိုင်သနည်း။ (၇) အဘယ်ဖြင့် ဆင်းရဲခြင်းကိုလွန်မြောက်နိုင်သနည်း။ (၈) အဘယ်ဖြင့် ထက်ဝန်းကျင်ကို စင်ကြယ်နိုင်သနည်း။ (၉) အဘယ်အကြောင်းကြောင့် ပညာကို ရနိုင်သနည်း။ (၁၀) အဘယ်အကြောင်းကြောင့် ဥစ္စာပစ္စည်းကို ရနိုင်သနည်း။ (၁၁) အဘယ်အကြောင်းကြောင့် ကျော်စောထင်ရှားခြင်းသို့ ရောက်နိုင်သနည်း။ (၁၂) […]