TheWinner GetprizeDecember 23, 20121min43448
ဒေါ်စိမ်း တယောက် ဈေးဆိုင်အလုပ်မအားလပ်တဲ့ကြားမှ ဒီနေ့တော့ ရွာအရှေ့ပိုင်းက ကိုတိုးဝင်း ဆုံးတဲ့ဆီကို မဖြစ်ဖြစ်အောင် ထွက်လာခဲ့မိသည်။ အသုဘ အိမ်နားရောက်တော့ ဒေါ်စိမ်း မျက်လုံးများ ပြူးသွားရသည်။ သရဲတွေ့လို့ မဟုတ်ပါ။ သုံးတန်းတက်နေတဲ့ ဒေါ်စိမ်းရဲ့အချစ်တော် မြေးမလေးကို အသုဘအိမ်မလှမ်းမကမ်းမှာ တွေ့လိုက်လို့ပါ- “ဟဲ့မြေးလေး တုန်တုန်” အဖွားကို မြင်လိုက်တော ့ တုန်တုန် လန့်လည်းလန့်၊ ဝမ်းလည်းဝမ်းသာသွားသည်။ “ဟင်အဖွား” “သမီးကျောင်းချိန်ကြီးမှာ ဘယ်လိုဖြစ်လို့ဒီနားရောက်နေတာလဲ” မေးလိုက်ကာမှပဲ တုန်တုန်တစ်ယောက် မျက်ရည်များ စီးကျလာတော့သည်။ မြေးမလေး မျက်ရည်မြင်တော့ ဒေါ်စိမ်း အသည်းထဲကျင်သွားသည်။ “သမီးဘာဖြစ်လို့လဲ အဖွားကို ပြောစမ်း၊ ကျောင်းမှာ ဘယ်သူနဲ့ ဘာဖြစ်လာလို့လဲ” “ကျောင်းမှာ ဘာမှ မဖြစ်ပါဘူးအဖွား။ တုန်တုန် ဒီအိမ်ထဲကို ပြန်မဝင်ရဲလို့ပါ” “ဟင်၊ သမီးက ဒီအသုဘ […]