black chawOctober 21, 20111min22218
မနေ့က ကိုသစ်မင်း ရဲ့ ” သည်အလှူ ” ဆိုတဲ့ ပို့စ်လေးကို ဖတ်ပြီး ပီတိဖြစ်နေမိတယ်။ ဒီနေ့မနက် small cat ရဲ့ ” လူမစွမ်းနတ်မ ” ဆိုတဲ့ ပို့စ်လေးထဲမှာ မျက်မမြင် ဦးထူးမ အကြောင်း ထပ်ဖတ်ရတော့ မျက်မမြင်တွေကို လှူချင်တန်းချင် အကူအညီပေးချင်တဲ့ စိတ်ကလေးပေါက်လာတာနဲ့ ကြည့်မြင်တိုင် စလင်းဘောလုံးကွင်းနားမှာ ရှိတဲ့ မျက်မမြင်ကျောင်း ကို ကျွန်တော် သွားမိပါတော့တယ်။ မျက်မမြင်ကျောင်းအကြောင်း အသေးစိတ် ရေးပြမယ်လို့ ကြံသွားပေမယ့် ရှေ့ကကျောင်းဆိုင်းဘုတ်ကို ဓါတ်ပုံတစ်ချက်ပဲ ရိုက်ရပါသေးတယ်၊ အမျိုးသမီးတစ်ယောက် ထွက်လာပြီး ဓါတ်ပုံရိုက်ရင် ကျောင်းအုပ်ကြီးထံမှာ ခွင့်တောင်းရမယ် ဆိုလို့ တစ်ပုံပဲရိုက်လိုက်ရပါတယ်။ နောက်မှ သိချင်တာလေးတွေကို တာဝန်ရှိသူ တစ်ဦးထံမှာ (နာမည်ရေးမပြတာ ခွင့်လွှတ်ပါ) မေးချင်တာလေးတွေမေးရပါတယ်။ […]