ဆူးJuly 27, 20111min72638
သင် အသုံးချခံရတယ် ဆိုရင် ဘယ်လို နေမလဲ.. အဖိုးမတန်တဲ့ အရာ အတွက် ကိုယ်ကျိုး ကြည့်ပြီး သူများကို အသုံးမချသင့်တာ အမှန်ပဲ။ မှတ်မှတ်ရရ ဗုဒ္ဓဂါယာ သွားတော့ စီးသွားတဲ့ လေယာဉ်က သီရိလင်္ကာ လေကြောင်းလိုင်းက လေယာဉ်ပါ။ ထိုနေ့က တခြား ခရီးသွား အဖွဲ့တွေလည်း သွားကြတာ သတိထားမိတယ်။ ဗုဒ္ဓဂါယာ ကို သွားတဲ့ လူတွေဆိုတာ များသော အားဖြင့် အသက်ကြီးတဲ့ လူကြီးတွေ နဲ့ ဘုန်းကြီး သီလရှင်များ ဖြစ်ကြပါတယ်။ အဲဒီနေ့က ရန်ကုန် လေဆိပ်မှာ ကိုယ့် အဖွဲ့လိုပဲ တခြားသော အဖွဲ့ ၂ခုလောက်တွေ့မိတယ်။ သတိထားမိတာကတော့ တိုင်းရင်းသား ဝတ်စုံ ကို တူညီ ဝတ်ထားကြတာပါပဲ။ ရှမ်းပြည်ဘက်က တိုင်းရင်းသား […]