moonpoemJune 28, 20111min1589
အအိပ်အနေကမောက်ကမဖြစ်ခြင်းဆိုသည့် ခေါင်းစဉ်ကိုကြည့်ပြီး ဇောက်ထိုးကြီး အိပ်နေသလား၊ ကင်းမြီးကောက်ထောင်အိပ်နေသလား ဟု မထင်လိုက်ကြပါနှင့်။ စိတ်ဖိစီးမှု၊ စိ်တ်ပူပန်မှုများပြီး ဖြစ်သည့် အိပ်မရသည့် အခြေအနေ တစ်ခု ဖြစ်ပါသည်။ နေ ့ဖက်တွင် အလွန်အမင်း ကြည့်မကောင်း ရှူမကောင်းအောင် အိပ်ငိုက်နေသော်လည်း ညဘက်တွင် မျက်လုံးကြောင်ခြင်း၊ ခဏခဏ နိုးလာခြင်း၊ မနက် နိုးလာသည့်အခါတွင်လည်း လန်းဆန်းမှုမရှိခြင်း တို ့ဖြစ်သည်။ တစ်ခါတစ်ရံ တွင် အိပ်ပျော်သော်လည်း သွားကြိတ်ခြင်း ၊ ဟောက်ခြင်း တို ့ဖြစ်နေပါက သင့်တွင် စိုးရိမ်ပူပန်မှုတို ့ရှိနေသည်မှာ သေချာသလောက်ဟု ဆိုနိုင်ပါသည်။ ထို ့ကြောင့် အိပ်ခါနီးတွင် လက်ဖက်ရည် ကော်ဖီမသောက်ပါနှင့်။ ပြသနာများပေါ်ပေါက်လာပါက ခေါင်းအေးအေးထားပြီး ဖြေရှင်းပါ။ ရယ်မောဖို ့မမေ့ပါနှင့်။ မိ်တ်ဆွေ သူငယ်ချင်းများကို ရင်ဖွင့်ပါ။ […]