အာဂSeptember 12, 20142min33716
ရန်ကုန်မြို့လယ် ၂၆လမ်း မဟာဗန္ဓုလလမ်းနဲ့ ကုန်သည်လမ်းထောင့် သိမ်းကြီးဈေးအနီးမှားရှိတဲ့ Musmeah Yeshua Synagogue ဂျူးဘုရားကျောင်းကို ၁၈၅၄ခုနှစ်က မြန်မာပြည်က ဂျူးဘာသာဝင် လူတစ်စုကနေပြီး သစ်သားကျောင်းလေးကနေ စတင်တည်ဆောက်ခဲ့ပါတယ်။စတင်တည်ထောင်ခဲ့စဉ်ကတော့ တစ်ဦးတစ်ယောက်တည်း တည်ဆောက်ခဲ့တာမဟုတ်ဘဲ။အစုအဖွဲ့နဲ့အားလုံးစုပေါင်းပြီးတော့ တည်ဆောက်ခဲ့တာပါ။အခုလက်ရှိအဆောက်ဦကတော့ ၁၈၉၃ခုနှစ်မှစတင်တည်ဆောက်ခဲ့ပြီး ၁၈၉၆ ခုနှစ်မှာပြီးဆုံးသွားခဲ့ပါတယ်။အဆိုပါ Musmeah Yeshua Synagogue ဂျူးဘုရား ကျောင်းကို ရန်ကုန်မြို့ဒေသခံတွေတောင် ရှိမှန်းသိပ်မသိခဲ့ပေမယ့် အခုဆို နိုင်ငံတကာ ကမ္ဘာလှည့် ခရီးသည်တွေကတော့ သိရှိပြီးဝင်ရောက်လေ့လာနေခဲ့ကြတာ အတော်လေးကြာခဲ့ပါပြီ။ဒီလို အထင်က ဘုရားကျောင်းကို အများပြည်သူတွေသိရှိအောင် ထိန်းသိမ်းပြုပြင်ခဲ့သူတွေကတော့ မစ္စတာ ဆမ်မီဆမ်မျူရယ်တို့ မိသားစုမျိုးဆက်တွေ ပါ။ အရှေတောင်အာရှက မြန်မာနိုင်ငံမှာ ဂျူးလူမျိုးတွေဟာ ၁၉ရာစုနှစ်ကတည်း ရောက်ရှိခဲ့တာပါ။ လူဦးရေနည်းပါးသော်လည်း သူတို့ရဲ့ စုစည်းမှု၊စည်းလုံးမှု အင်အား တွေကတော့လေးစားစရာပါ။ မြန်မာပြည်ကို ရောက်ရှိလာတဲ့ ဂျူးလူမျိုးတွေရဲ့စုစည်း […]


အာဂAugust 27, 20141min42435
ခေါင်းလောင်ကြီးဆယ်ယူတဲ့အခါမှာ လေကျယ်မိတဲ့အတိုင်း ရက်ကတော့ ပြည့်သွားပြီ ။ ဒီတော့ နဂလင်းတစ်ယောက်ဘာဆက်လုပ်ရမယ်မသိဖြစ်လာသည်။ ဒီတော့ ဘယ်သူမှ သက်သေပြလို့မရတဲ့ ဟာတွေကို သက်သေတည်မည်လို့ဆုံးဖြတ်ကာ။ နဂလင်း တစ်ယောက် အပျော်ကြီးပျော်နေရှာသည်။ ဒီတော့ကြေငြာချက်ထုတ်မည်။ ☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻ ”ရက်ပြည်ပြီဖြစ်တဲ့အတွက် ကြေငြာရ ရင် ခေါင်းလောင်းကြီးအားရှာတွေပါပြီ ဒါပေမဲ့ အဲဒီခေါင်းလောင်းကို အိမ်လိုလုပ်နေကြသော နဂါးများက အိမ်ပြောင်းရမယ်” “ဒီအတွက် သူတို့ ပစ္စည်းတွေသယ်ရရွေ့ရတဲ့အခါမှာ လျပ်စစ်မီးကလည်း မရှိတော့ မီးထွန်းပြီးတော့ ပြောင်းရွေ့နေရတယ်။ ဒီတော့ အဲဒီလို သူတို့ ဖုယောင်းတိုင်မီး ထွန်းပြီးပြောင်းရွေနေ့တာ လူတွေကို မသိစေလိုဘူး” “ ဥပမာ တရုတ်ကြီးတို့ ဘာတို့ တွေ့ရင် လာဖမ်းကြ ၊ဆေးဖော်ကြမှာစိုးရိမ်တယ်။နောက် နဂါးသိုက်ဆိုတာက ကလည်း ရတနာတွေ ထွက်တာများတော့ သိုက်တူးသမား ခရိုနီ ဝါ၊ပြာ၊တွေက လာပြီး […]


အာဂAugust 5, 20141min1968
ကျွန်တော်လေထန်ကုန်းကိုရောက်တော့နေ့လည်၁၁း၃ဝနေပြီ။ အသုဘပို့တဲ့လူတွေမတွေတာနဲ့လေထန်ကုန်းမှာကျန်တဲ့လူတွေကိုမေးလိုက်တော့ ဗိုလ်ချူပ်အောင်ဆန်းလမ်းကရုပ်ရှင်တွေရှေ့မှာရှိသေးတယ်..အမြန်လိုက်သွားရင်မီ လိမ့်မယ်ဆိုလို့ဗိုလ်ချူပ်အောင်ဆန်းလမ်းကိုအပြေးထွက်ခဲ့ပါတယ်။ ၃၃လမ်းထိပ်မှာအသိတစ်ယောက်ကိုတွေ့တော့မေးလိုက်တယ်ကားထွက်သွား ပြီလားလို့ပေါ။့အသိကပြန်ပြောရှာပါတယ်။-ကားတွေထွက်လို့မရဘူးပြသနာတွေ တက်နေတယ်-တဲ့ပထမတော့ကျွန်တော်လည်းမယုံပါဘူး။ဒါပေမယ့်ကိုယ်တိုင်မြင် မှပဲယုံခဲ့ရပါတယ်။ ကျွန်တော်ထောက်လှမ်းရေးသမား ဝီဇီရာရုပ်ရှင်ရုံလား။ဘုရင့်ရုပ်ရှင်ရုံလားမသိဘူး။၃၃လမ်းထိပ်ကရုပ်ရှင်ရုံထိပ်ကားလမ်း ကနေဟိုဘက်ကားလမ်းကိုကြည့်လိုက်တော့လူအရောက်၄၊၅၊၆ဝလောက်စုစုနဲ့ရပ် တာကိုတွေ့လိုက်ပါတယ်။ဪ-ဒါနဲ့ကျွန်တော်လည်းမီသေးတယ်ဆိုပြီးကားလမ်းကူး မယ်လို့လုပ်တုန်း။ကျွန်တော်သေသေချာထပ်ကြည့်မိလိုက်တော့ဆရာ့အသုဘကို ပို့မယ့်လူတွေထဲကသုံးယောက်လောက်က၊စာရေးဆရာတာရာမင်းဝေ၊အသက်(၄၁) စတဲ့စာရွက်ဖြူလေးတွေကိုင်တန်းစီပြီးရပ်နေတာတွေ့လိုက်ရတော့ကျွန်တော်သိပ် မသင်္ကာတော့ဘူး။သူတို့ရပ်နေတဲ့ပုံစံကတစ်စုံတစ်ခုကိုဆန္ဒပြနေသရောင်ပဲလေ။ ဒါနဲ့ဒီဘက်ကားလမ်းကနေပဲအရိပ်အကဲကိုလှမ်းကြည့်နေမိတယ်။ဘေးနာကလူတွေ ကလည်းဘာလုပ်နေကြတာလဲ၊ဆန္ဒပြနေကြတာလား၊စသဖြင့်မေးခွန်းတွေနဲ့အုံပြီး ကြည့်နေကြတယ်။ကျွန်တော်ကလည်းတတ်နိုင်သမျှလောက်-မဟုတ်ပါဘူးအသုဘ လိုက်ပို့ဖို့ပြင်နေကြတာပါလို့ပြောပြရသေးတယ်။သူတို့မေးမယ်ဆိုလည်းမေးလောက် စရာအဲဒီမှာရပ်နေကြသူတွေ၊စာရွက်တွေကိုင်ထားကြသူအချို့တွေကအမျိုးသားဒီမိုကရေ စီအဖွဲ့NLDဝတ်စုံတွေနဲ့လေ။ဒါနဲ့ကျွန်တော်လည်းဒီဘက်ကားလမ်းရုပ်ရှင်ရုံရှေ့ကနေပြီး အခြေအနေကိုစောင့်ကြည့်ကာ။ကျွန်တော့်ကင်မရာလေးနဲ့မှတ်တမ်းဓာတ်ပုံလေးတွေရိုက် နေလိုက်ပါတယ်။အဲ့ဒီအချိန်မှာအင်္ကျီအဖြူလည်ကတုံး၊ပုလဲပေါက်ပုဆိုးအနက်နဲ့လူ၃ ယောက်လောက်က၊စာရွက်ကိုင်ထားတဲ့လူတွေကိုရော၊အသုဘပို့မယ့်လူတွေကိုရော၊ ရုပ်ရှင်ကင်မရာနဲ့တစ်မျိုး၊ရုပ်သေကင်မရာနဲ့တစ်မျိုးရိုက်ပြီးမှတ်တမ်းတင်နေတာတွေ့ ရတယ်။ကျွန်တော့်ကလည်းကျွန်တော့်ကင်မရာနဲ့ခိုးကြောင်ခိုးဝှက်ပေါ့၊နောက်တော့အဲ ဒီကင်မရာတွေနဲ့ရိုက်နေတဲ့သူတွေက ကျွန်တော်ဆီကိုလာရိုက်တော့တာပါပဲ။အဲဒါနဲ့ ကျွန်တော်လည်းကျွန်တော့်ကိုရိုက်ရင်ထီးနဲ့ကွယ်လိုက်လွတ်ရင်ပြန်ရိုက်လိုက်လုပ်နေ တော့တာ။မကြာပါဘူးအဲဒီလူတွေကကျွန်တော့်ကိုပေါ်တင်ကြီးထပ်ပြီးလာရိုက်နေတော့ ကျွန်တော့်စိတ်ထဲထောက်လှမ်းရေးတွေထင်လို့အဲဒီနေရာနဲ့ခပ်လှမ်းလှမ်းနေရာကိုပြေး ထွက်သွားလိုက်တယ်။ကျွန်တော်သွားခါနီးတစ်ချက်လှည့်ကြည့်လိုက်တော့အဲဒီကင်မာ ကိုင်တစ်ယောက်ကနောက်တစ်ယောက်ကိုကျွန်တော့်ကိုချက်ပြလိုက်တာတွေ့လိုက်ရ ပါတယ်။ပြီးတော့ကျွန်တော်က၃၃လမ်းထိပ်ဘက်ကကဗျာဆရာအောင်ဝေးတို့၊လေထန် ကုန်းဆိုင်ရှင်တို့ဘက်နားမှာဝင်ရပ်နေလိုက်တော့တယ်။ဓာတ်ပုံလည်းဆက်မရိုက်ရဲတော့ ဘူး။ဆရာအောင်ဝေးတော့ကတော့ကားရဖို့စီစဉ်နေတာတွေ့ရပါတယ်။နောက်မကြာပါဘူး ခုနကကင်မရာကိုင်အဖွဲ့ကလူတစ်ယောက်ကျွန်တော့်အနားကိုရောက်လာပြီးညီလေးက ဘယ်ကလဲ၊ဘာလာလုပ်တာလဲလို့လာမေးတယ်။ကျွန်တော်ကလည်းသူ့မေးခွန်းနဲ့သူ့ကို ပြန်မေးလိုက်ပါတယ်။အဲဒီတော့သူက-အကိုက၈၈မျိုးဆက်သစ်လူငယ်အဖွဲ့ကပါ။ရွှေဘုန်း တို့နဲ့အကိုတို့ကကျောင်းတုန်းကတစ်နှစ်တည်းမိုလို့အခုလိုက်ပို့တာလေ-တဲ့ဒါနဲ့ကျွန် တော်ကလည်းကျွန်တော့်ကစာရူးပေရူးတစ်ယောက်ပါ။ပြီးတော့ဆရာ့ကိုအရမ်းကြိုက်တဲ့ ပရိသတ်တစ်ယောက်ပါ။ဒါကြောင့်အခုဆရာရဲ့ဈာပနကိုလာပို့တဲ့သူပါလို့ပြောလိုက်တယ်။ -အဲဒီတော့မှသူကအော်မသိပါဘူး။အကိုတို့ကမင်းဟိုဘက်နေဓာတ်ပုံတွေရိုက်နေတော့ ထောက်လှမ်းရေးကလူမှတ်လို့။ပြီးတော့မင်းကလည်းအကိုအတို့ကပြန်ပြီးရိုက်ရင်ပုန်းပုန်း နေတာကိုး-။အဲဒီတော့မှကျွန်တော်လည်းဖြစ်မှဖြစ်ရလေအကိုတို့ကိုကျွန်တော်ကလည်း ထောက်လှမ်းရေးကမှတ်လို့ပုန်းနေတာလို့ပြန်ပြောပြလိုက်ရတယ်။ပြီးတော့သူကဒီမှာ ပြသနာတွေတက်နေတဲ့အကြောင်းကိုပြောပြပါတယ်။အသုဘပို့တဲ့ကားတွေက၁၁းဝဝနာရီ လောက်ကလာသွားတယ်။လူတစ်ချို့လည်းကားပေါ်တက်ထိုင်လို့ထိုင်နေကြတာပေါ့။အဲဒီ့ အချိန်မှာအမည်မသိလူနှစ်ဦးယောက်လာပြီးကားသမားတွေကိုမင်းတို့ဒီအသုဘကိုလိုက်မ ပို့ရဘူး။လိုက်ပို့ရင်မင်းတို့တွေအဖမ်းခံရမယ်လို့လာပြောတော့ကားသမားတွေလည်း ကြောက်ပြီးပြန်ပြေးသွားကြတာတဲ့။သူတို့ကတော့ဒါကိုအစိုးရဘက်ကလုပ်တာလို့ထင်ပြီး အခုလိုဆရာတာရာမင်းဝေရဲ့အမည်၊အသက်တွေရေးထားတဲ့စာရွက်တွေ(အမှန်ကကား မှာကပ်မယ့်စာရွက်ပါ)တွေကိုဆန္ဒပြလိုထောင်ပြီးတော့ကိုင်နေကြတာတဲ့။သဘောကတော့ သူတို့နိုင်ငံရေးလုပ်နေကြတာမဟုတ်ဘူး။သူ့တို့မိတ်ဆွေရဲ့အသုဘကိုလိုက်ပို့ကြတာပါ […]


အာဂMay 16, 20141min35318
ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာလေးတွေကိုပါ။ ကျနော်ငယ်ငယ်က အသိအကိုကြီးတစ်ယောက်ပြောထားတဲ့ အဖြစ်ပျက်လေးပါ။ (၁) ကိုစန်းနဲ့ ညီညီတို့ ကအရမ်းခင်တဲ့ သူငယ်ချင်းတွေပါ။ ပြောရမယ်ဆိုရင် သူတို့က ညီအစ်ကိုတွေထက်တောင်ရင်းနီးခင်မင်ကြသူတွေ။ တစ်ရပ်တစ်ကျေးထဲ မှာ အတူတူကစားကြီးပြင်းခဲ့သူတွေ မူကြိုနေအစ တက္ကသိုလ်ရောက်တဲ့အထိ ခင်ကြမင်ကြသူတွေပေါ့ဗျာ။ (၂) ညီညီ က ၁ဝတန်းနှစ်လောက်ကတည်းက ဆေးလိပ်သောက်တတ်လာတယ်။ အဲဒါကို ကိုစန်းက လုံးဝကိုမကြိုက်ဘူး။ သူကလည်းဘာအသောက်အစားမှမရှိ သူညီလိုချစ်တဲ့ ညီညီ ကို ဆေးလိပ်သောက်တာ လုံးဝမကြိုက်ဘူး။ ဒီလိုနဲ့ သူတို့ ၂ယောက် ၁ဝတန်းအောင်လို့ မြို့တက် ပြီး တက္ကသိုလ်တက်တဲ့အထိ ညီညီ ဆေးလိပ်သောက်တာကို မကျေ မချမ်းနဲ့ တဖွဖွ ဆိုဆုံးမနေတော့တာပဲ။ ကိုစန်း ဘယ်လိုဆုံးမပြောပြော ညီညီကတော့ သောက်မြဲသောက်လျက်ပဲ။ (၃) ညီညီ နဲ့ ကိုစန်းနဲ့ အဆောင်အတူတူနေတဲ့အထိ […]


အာဂDecember 18, 20121min1045
၁။ မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်း (MDRI) သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ ဥ ပဒေရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများအတွက် လိုအပ်သော အရင်းအမြစ်များ တည်ထောင်နိုင်ရေးကို ရှေ့ရှုဖွင့်လှစ်ဖွဲ့စည်းထားသော အစိုးရမဟုတ် သည့် အဖွဲ့အစည်း ( NGO ) တစ်ခု ဖြစ်ပါသည်။ ၂။ မြန်မာ့ဖွံ့ဖြိုးတိုးတက်မှုအရင်းအမြစ်အဖွဲ့အစည်း ( MDRI ) ၏ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန ( CSIS ) မှ တတိယအကြိမ် ဖွင့်လှစ်မည့် ( Post-Graduate Certificate in Peace, Democracy and Development ) သင်တန်းကို ( ၁ – ၁ -၂၀၁၃ ) […]