kyawhan21June 1, 20111min685
မြန်မာအမျိုးသားအာဇာနည် ဗိုလ်ချုပ်အောင်ဆန်း မသမာသူအာဏာရူးလူသတ်သမား အမျိုးသားသစ္စာဖေါက်တို့၏ လုပ်ကြံမှုကြောင့် ကြဆုံးခဲ့ပြီး64 နှစ်အလွန် မြန်မာလူငယ်အများစုဟာ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းစစ်ကို သိရှိသူနည်းပါးလာပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မိန့်ခွန်းများကို လူငယ်အဆိုရှင်တချို့ သီချင်းများတွင် ထည်သွင်းအသုံးပြုရာမှ ဗိုလ်ချုပ်အောင်ဆန်း၏ စကားအသံကိုကြားရသောအခါ ဒါဘယ်အဆိုတော်အသံလဲဟု မေးလာသည်အထိ အကျည်းတန်လာပြီဖြစ်သည်။ 1988ခုနှစ်ကျောင်းသားလူှုယ်များဦးဆောင်သည့် ဒီမိုကရေစီတော်လှန်ရေးနောက်ပိုင်း မွှေးဖွားလာသည့် ကလေးသူငယ်များအားလုံး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းစစ်ကိုသိခွင့်မရှိကြတော့သောကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံကိုမြင်ရသောအခါ ဒါဘယ်သူလဲဟု မေးလာသည်အထိ မြန်မာ့သမိုင်းသည်ကွယ်ပျောက်လာပြီဖြစ်သည်၊ သမိုင်းစစ်ပျောက်ရတဲ့အကြောင်းရင်းသည် သမိုင်းတွင်သူရဲကောင်းမဟူတ်သူများက သူရဲကောင်းတို့၏ သမိုင်းစစ်များနှင့်ယှဉ်ပြိုင်ရန် မဝံ့မရဲဖြစ်လာသောကြောင့်ဖြစ်မည်ထင်ပါသည်။ သမိုင်းမှန်ကိုသိခွင့်မရသော လူငယ်များ၏ ရှေ့ဋ္ဌ် မိမိတို့သည်အမျိုးသားကယ်တင်ရှင် အမျိုးသားသူရဲကောင်းဖြစ်သည်ဟု ကြွေးကြော်နေသူများသည် မြန်မာပြည်ကျွန်သားပေါက်ဘဝရောက်ခဲ့စဉ်က အမျိူးသားအာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ကျိုးစွန့်သွေးသမိုင်းများရှေ့ဝယ် အဘယ်သိုံသောအရှက်အကြောက်ကင်းကြသည်ကို သုံးသပ်သင့်ပြိဖြစ်သည်၊ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားသူရဲကောင်းနှင့်သမိုင်းစစ်တို့ကို ဖျောက်ဖျက်ခြင်းသည် ထိုလူမျိုးတို့၏ နိုင်ငံနှင့်အမျိုးသားရေးကို […]