ဇွန်လ၏ မိုးရေစက်များနှင့် အတူ ကျွန်ုပ်၏ ရင်အစုံအတွင်းသို့ ဝင်ရောက်၍ လာခဲ့သော အကြောင်းအရာ တစ်ခု ရှိလေသည်။ ယင်းကား အခြားမဟုတ်။ “၁၉ ဇူလိုင်၊ မမေ့နိုင်” ဟူသော “အာဇာနည်” နေ့ပင် ဖြစ်ချေသည်။ {လာမည့် ၂၀၁၄ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ၆ရ နှစ်ပြည့်မြောက်တော့မည်။} လွန်ခဲ့သော ၁၉၄ရ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် မသမာသူ လူတစ်စု၏ လက်ချက်ဖြင့် မြန်မာ့ အာဇာနည် ခေါင်းဆောင်ကြီးများ အသက် ဆုံးရှုံးခဲ့ကြရသည်။ ယင်းနေ့ ယင်းရက်ကား မြန်မာပြည်၏ ဝမ်းနည်းဖွယ် အကောင်းဆုံးသော နေ့ရက်၊ ဆုံးရှုံးမှု အကြီးမားဆုံးသော နေ့ရက် ဖြစ်ပါပေ၏။ ထိုအချိန်က မြန်မာပြည် တစ်ဝှမ်း လူအများတို့ […]