Swal Taw YwetFebruary 29, 20121min1749
ဒီစာစုလေးက ကျနော် Feb 13 မှာ တင်ထားခဲ့တဲ့ post ရဲ့နောက်ဆက်တွဲပါ။ အဖ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို  ထောင်ချထားတယ်လို့ ခံစားနေရလို့ အကူအညီတောင်းခဲ့တဲ့ post လေးပါ။ နဲနဲလေး  ပြန်ကောက်ပေးပါဦးမယ်။ ……………………………… အာဇာနည် ဗိမ္မာန်မှာ အဖ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ထောင်ချထားတယ်လို့များ မမြင်မိကြဘူးလားဟင်? တနှစ်လုံးမှာ တစ်ရက်တည်း အဲဒီ့တစ်ရက်တည်းမှာတောင် နာရီအကန့်အသတ်နဲ့ ထောင်ဝင်စာ တွေ့ခွင့်ပေးနေတယ်လို့ မခံစားရဘူးလား?  ကျနော်တော့ အဲဒီ့လိုပဲ ခံစားမိတယ်ဗျာ။ ……………………………. ဘက်စုံ ချွတ်ခြုံ ကျနေတဲ့ တိုင်းပြည်တစ်ပြည်ကို လမ်းကြောင်းပြောင်း ပြန်လည်တည်ဆောက်ယူရာမှာ အရေးကြီးဆုံး လိုအပ်တာက “  စိတ်ဓါတ် ” ပါ။ ကျနော်မြင်နေတဲ့ ကိုးကွယ်ရာကတော့ “အောင်ဆန်ုးစိတ်ဓါတ် ” ပါပဲ။ ငွေစက္ကူတွေမှာ […]


Swal Taw YwetFebruary 13, 20121min18815
ရာသီစာလို ပေါ်ပင်လိုက်ပြီးရေးဖြစ်တာ မဟုတ်ပါဘူး။ ရင်ထဲမှာ တနုံ့နုံ့နဲ့ ခံစားနာကျင်နေတာတော့ ကြာလှပါပြီ။ အခု မသဲနုအေးတင်ပေးနေတဲ့ အဖ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းလေးတွေကြောင့်ရော MG မှာကိုယ့်အတွေးလေးတွေ လွတ်လွတ် လပ်လပ် ရင်ဖွင့်ဆွေးနွေးခွင့်ပေးထားလို့ရော တင်ပြမိခြင်းပါ။ ရွာသူရွာသားအပေါင်းရဲ့ ရင်ထဲမှာလဲ ကိုယ့်လိုပဲ ခံစားနေလိမ့်မယ်လို့ ယုံကြည်လို့ ရင်ညှိကြည့်ခြင်းပါဗျာ။ အာဇာနည် ဗိမ္မာန်မှာ အဖ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ထောင်ချထားတယ်လို့များ မမြင်မိကြဘူးလားဟင်? တနှစ်လုံးမှာ တစ်ရက်တည်း အဲဒီ့တစ်ရက်တည်းမှာတောင် နာရီအကန့်အသတ်နဲ့ ထောင်ဝင်စာ တွေ့ခွင့်ပေးနေတယ်လို့ မခံစားရဘူးလား?  ကျနော်တော့ အဲဒီ့လိုပဲ ခံစားမိတယ်ဗျာ။ ကျနော် နောက်ဆုံးတစ်ခေါက် ( 19.7.2005 ) ရောက်ခဲ့တုန်းက အဝတ်အစားမှအပ ဘာမှအထဲမယူရ၊ ဘောပင်၊ စာရွက်၊ လက်ပတ်နာရီ၊ သော့တွဲ၊ မျက်မှန်၊ ဦးထုပ်၊ […]