natureAugust 4, 20121min40525
N+ 010812 အဘိဓမ္မာနှင့် သင်္ဂ ါယနာ အဆက်ဆက် ပထမသင်္ဂ ါယနာ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူပြီး သုံးလနှင့်လေးရက်မြောက်သော မဟာသက္ကရာဇ် ၁၄၈ (ဘီစီ ၅၄၄)တွင် အဇာတသတ် မင်းကိုအမှီပြု၍ ရာဇဂြိုလ်ပြည် ဝေဘာရတောင် သတ္တပိဏ္ဏိလိုဏ်ဂူ၌ ရှင်မဟာကဿပ အမှုးရှိသော ရဟန္တာအရှင်မြတ် ၅၀ဝ တို့သည် မြတ်စွာဘုရား၏ တရားတော်များကို ရ လ တိုင်တိုင် မုခါရုဠှ (ခေါ်)နှုတ်ဖြင့်စုပေါင်းရွတ်ဆို သင်္ဂ ါယနာ တင်ခဲ့ကြသည်။ ဒုတိယ သင်္ဂ ါယနာ သာသနာနှစ် ၁၀ဝ (ဘီစီ ၄၄၄) ၌ ဝေသာလီပြည်ဝေဠုကာရုံ ကျောင်းတိုက်တွင် ဝဇ္ဇီတိုင်း ကာလာသောကမင်းကို အမှီပြု၍ အရှင်မဟာယဿအမှုးရှိသော ရဟန္တာ ၇၀ဝ တို့က ၈လကြာအောင် မုခရုဠှသင်္ဂ ါယနာ တင်ခဲ့ကြပေသည်။ […]