ပြီးခဲ့သော ဒီဇင်ဘာ(၁၃)ရက်နေ ့က ရခိုင်ပြည်နယ် စစ်တွေမြို ့တွင် သံတွဲခရိုင်အသင်းနှင့် စစ်တွေ အသင်းတို ့ယှဉ်ပြိုင်ကစားကြရာတွင် စစ်တွေအသင်းက (၂:၀)ဖြင့်အနိုင်ရဗိုလ်စွဲသွားပါတယ်။ပြည်နယ်လက်ရွေးစင်တွေကိုရွေးချယ်သွားမှာဖြစ်တဲ့ အတွက် အသင်းများအားလုံးကြိုးစားကစားကြတာတွေ ့ရသလို၊ပထမဆု ငွေသိန်း(၂၀)ကြောင့် ပိုကြိုးစားကြတယ်ဆိုလဲ မမှားဘူးထင်ပါတယ်။ ထုံးစံအတိုင်းပါဘဲ ဗိုလ်လုပွဲမှာ အိမ်ရှင် ဖြစ်တဲ့ စစ်တွေ ဘက်ကဒိုင်ကတော့ ကူပြီးဝင်မကစားတော့ရုံတမယ်ပါဘဲ။သံတွဲမြို ့နယ်ဘောလုံးအသင်းကတော့ ဒုတိယဆုငွေ (၁၀)သိန်းဘဲရယူနိုင်ခဲ့ပါတယ်။ဒိုင်းဆုကြီးနဲ ့လဲ လက်တစ်လှမ်းရောက်မှလွဲခဲ့ရပီပေါ့ဗျာ။ ဒီနှစ် ၂၀၁၁ခုနှစ် ပြည်နယ်အဆင့်ဘောလုံးပြိုင်ပွဲချီးမြှင့်ငွေကတော့ ရခိုင်ပြည်နယ်ရဲ ့သမိုင်းတလျှောက်အမြင့်မားဆုံးဆုကြေးဖြစ်ပါတယ်။ကျွန်တော်ရေးသားခဲ့တဲ့ “စေတနာမပါသော ဘောလုံးပွဲတစ်ပွဲပြီးစီးခြင်း”ပို ့စ်က လူကြီးမင်းများနားတိုင်အောင် ပေါက်ရောက်သွား မယ်လို ့ယူဆခဲ့ပါတယ်နော်။ ဒီပွဲမှာ ကျွန်တော်တို ့သံတွဲခရိုင်မှ အားကစားသမား(၇)ဦးထိ ပြည်နယ်အသင်းတွက်ရွေးချယ်ခံရတာကို တော့ အားရကျေနပ်စရာလို ့ဘဲတွေးရပါမယ်ဗျာ။ နောက်နှစ်တွေမှာလဲ ခုထက်ကောင်းသော အားပေးချီးမြှောက်မှုများဖြင့် အားကစားကို မြှင့်တင်သွားပါမယ်လို […]