ကိုယ့်ဆိုတာ မိမိကို နာမ်စားအဖြစ်သုံးတာပါ ။ တာဆိုတာအပိုင်းအခြား တစ်ခုပါ စာနည်း ပြောရရင်မိမိနှင့်သူတစ်ပါးကြားက အတားအဆီးတစ်ခု (သို့မဟုတ်) စည်း တစ်ခုပါ – ဥပမာ ဆိုရရင် မြစ်ရေတွေကုန်းပေါ်လျှံတက်မလာအောင်ရေကာတာကြီးက စည်းခြားထားခြင်းပဲ ဖြစ်ပါတယ် ။ ဝန်ဆိုတာကတော့ အလေးအပင်တစ်ခု(သို့)အထုပ်အပိုးတစ်ခု(သို့) အားတစ်ခုခုနဲ့ မ ရမည့် ပစ္စည်း လို့ ဆိုချင်ပါတယ် ။ ဒီတော့ကာ ကိုယ့်တာဝန် ဆိုခြင်းဟာ သူများဘက်ကို မကျော်သွားပဲ ကိုယ့်ဘက်ကထမ်းဆောင်ရမယ့် အလုပ်လို့ဆိုလိုပါတယ် ။ ဒါဆို .. သူများကကိုယ့်ဘက်ကျော်ဝင်လာရင်ကော …….. .. ပုံပြင်လေးတစ်ခုပါ .. တစ်ခါတုန်းက ရွာတစ်ရွာမှာ လယ်သမားကြီး တစ်ယောက်ရှိလေရဲ့ .. သူ့မှာ တုတ်ပေါ ဆိုတဲ့ခွေးဆိုးကြီး တစ်ကောင်ရယ် ဂျက်ကီ ဆိုတဲ့ မြင်းသိုးကြီး […]