alinsettMay 2, 20155min78532
    ၂၀၁၅ ၊ မေလ ၁ ရက်နေ့ ၊ ဒါဟာ … အလုပ်သမားနေ့လေ။ အလုပ်သမားတယောက်အနေနဲ့ ရုံးပိတ်ရက်ပဲ … အားလပ်တာပေါ့။ အားလပ်ရက်ကိုမှ …. လေ့လာရေးအဖြစ် အသုံးချပြီး အသုံးကျစေမယ့် ခရီးတိုတခု ထွက်ခဲ့တယ်ဆိုပါတော့ … ။ ရန်ကုန်ကနေ ဧပြီလ ၃ဝ ရက်နေ့ည ၁ဝ နာရီကားနဲ့ ပြည်မြို့ကို ထွက်ခွါခဲ့ပါတယ်။ ကျနော်စီးလာတဲ့ ဘုန်းမြတ်ပိုင် အဝေးပြေးယာဉ်ဟာ  ပြည်မြို့ကိုရောက်တော့ မေလ ၁ ရက်နေ့ မနက်အစောကြီး ၄ နာရီ။ ငါးနာရီထိုးတဲ့အထိ မြို့ထဲက အဝေးပြေး ကားဝင်းအနီးမှာ ရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေလိုက်တယ်။ အဲဒီနောက် … အဝေးပြေးယာဉ်ရပ်နားစခန်းရှေ့ကနေ ပြည်မြို့ရဲ့ အထင်ကရဖြစ်တဲ့ ရွှေဆံတော်စေတီဘက်ကို […]