ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ဆရာတော် အရှင် “ဝီရသူ” သဘောထား ထုတ်ပြန်ချက်.. “ဝီရသူ” သဘောထား (၃/၇၄) by Ashin Vicittabhivamsa on Tuesday, June 5, 2012 at 5:24am · ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နှင့် တောင်ကုတ်မြို့တို့တွင် ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော်ဘဒ္ဒန္တဝိစိတ္တာဘိ၀ံသ-ရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထား အပြည့်အစုံကို အတိအလင်း ထုတ်ဖော်ကြေညာအပ်ပါသည်။ … (က) 28-5-2012- ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာမှ အသက်(၂၇)နှစ် အရွယ်ရှိ မသီတာထွေး (ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်) မိန်းကလေးကို မူဆလင် (၃)ယောက်က အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။ […]


မှတ်သားဖွယ်ရာ ဘာသာရေးဆိုင်ရာ အမြင်တစ်ရပ်ကိုဖော်ပြပါမယ်။၂၀၀၁ ခုနှစ် မေလထုတ် မြတ်သတိဝါဒ သဒ္ဓမ္မမဂ္ဂဇင်း အမှတ်၁၁၊ဘာသာဥဒါန်းဆိုသည့် ခေါင်းကြီးပိုင်းက ပါ။ ““ဘာသာ တရားတိုင်းသည် လူ ့ယဉ်ကျေးမှု အဆောက်အဦးတို ့ကို မြင့်တက်စေသည်မှာ အမှန်ဖြစ်ပေသည်။ထိုသို ့မြင့် တက်စေရာတွင်လည်း ဗဟိဒ္ဓအဆောက်အဦးကို မြင့်စေခြင်းအဇ္ဈတ္တအဆောက်အဦးကိုမြင့်စေခြင်း ဟူ၍နှစ်မျိုးနှစ်စားရှိလေ၏။ ရွှေတိဂုံစေတီတော်၊အန်ကောဝပ်ကျောင်းတော်၊ဂရိတို ့၏ နတ်ကွန်းကြီးများ၊ခရစ်ယန်တို ့၏ ဘုရားကျောင်းများ၊ဟိန္ဒူဘုရားရှိခိုးကျောင်းကြီးများ စသည်တို ့က ဘာသာတရားတို ့ကြောင့်မြင့်တက်လာသော လူ ့ယဉ်ကျေးမှုအဆောက်အအုံများ၏ သာဓကများပင်။ စာနာခြင်း၊အများအကျိုးသယ်ပိုးခြင်း၊လူ ့တန်ဖိုးကို အချင်းချင်းအသိအမှတ်ပြုတန်ဖိုးထားတတ်ခြင်း၊မေတ္တာထားခြင်း စသည်တို ့ကား အတွင်းယဉ်ကျေးမှု မြင့်တက်လာခြင်းပင်ဖြစ်လေသည်။သို ့သော်အချို ့သောသူများက ထိုယဉ်ကျေးမှုတန်ဖိုးများကို အစွန်းရောက်မှု တိမ်သလ္လာ တို ့ဖုံးကာ မမြင်နိုင်ကြဘဲ ဖျောက်ဖျက်ပစ်မိတတ်ကြပေသည်။ ထိုသူတို ့သည် မိမိတို ့ကိုယဉ်ကျေးစေသော ဘာသာတရား၏ မျက်နှာကိုမျှမထောက်ရုံမက မိမိတို ့မယဉ်ကျေးကြောင်းကိုလဲ ပြသရာရောက်ချေသည်။ ထိုသို ့အပ ယဉ်ကျေးမှုအဆောက်အဦးတို ့ကိုမည်သို ့ဖြိုဖျက်ကြပါစေ၊အတွင်းယဉ်ကျေးမှု အဆောက်အဦးတို ့မှာ ဘယ်ခါမှထိပါးနိုင်မည်မဟုတ်ချေ။ အကြောင်းသော်. မယဉ်ကျေးခြင်းသည် ယဉ်ကျေးခြင်းကို မည်သည့်အခါမျှ အနိုင်မယူနိုင်ဘဲ ယဉ်ကျေးခြင်းကသာ မယဉ်ကျေးခြင်းကို […]