manawphyulayMarch 29, 20121min31012
နိုင်ငံတကာပညာရေးပြပွဲမှာ လာရောက် ရောင်းချတဲ့ ကိုရီးယားနိုင်ငံထုတ် ဂေါက်ကွင်းတစ်ခု အိမ်ပေါ်မှာတင် ရှိရုံနဲ့ ဂေါက်ကွင်းရောက်နေသကဲ့သို့ ခံစားရိုက်နိုင်အောင် ဖန်တီးထားတာကို တွေ့ရှိရပါတယ်။ အိမ်တော့ ကျယ်မှ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဂေါက်ကွင်းကဲ့သို့ အသုံးပြုလို့ရတဲ့အပြင် ရုပ်ရှင်ပိတ်ကားအဖြစ်လည်း အသုံးပြုနိုင်ပါတယ်တဲ့။ ခြံကျယ်တဲ့သူအတွက်လည်း အဆင်ပြေပါတယ်။ အိမ်ပေါ်တင်ပြီးလည်း ရိုက်နိုင်တာပေါ့နော်။ ဒါနဲ့ မနောလည်း စိတ်ဝင်စားလို့ သွားရောက်စုံစမ်းရင်း ဈေးနှုန်းလေးပါ မေးကြည့်ခဲ့မိပါတယ်။ ဈေးနှုန်းကတော့ ခုလျှော့ဈေးနဲ့ရောင်းချနေပါတယ်။ ယခုလက်ရှိ ၂၂၅ သိန်း ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးနေပါတယ်လို့ ပြောကြားပါတယ်။