ညက zuma game ကို ဆော့တယ်။ အရင်နေ့တွေကရခဲ့တဲ့အမှတ်တွေထက်ပိုရအောင် ပစ်တယ်။ ရတဲ့အခန်းမှာရသလို မရတဲ့အခန်းမရဘူး။ ဒါနဲ့နဲနဲမျက်စေ့ညောင်းလာတာနဲ့အပျင်းပြေစိတ်လက်ပေါ့ပါး သွားအောင် pink panther ကာတွန်းကားကိုပြန်ကြည့်တယ်။ အတော်လေးကိုရီရတယ်။ထပ်ခါထပ်ခါကြည့်ပြီးသားပေမဲ့ ကြည့်တိုင်းကျတော်ရီရပါတယ်။ tom&jerry ကာတွန်းထက်နဲနဲလူကြီးဆန်သလိုခံစားရပါတယ်။ ညကကြည့်တဲ့အခန်းထဲမှာ ကားလမ်းဖြတ်ကူးနိုင်ရေးအကြံထုတ်တဲ့အခန်းကို တော်တော်သဘောကျမိပါတယ်။ ထုံစံအတိုင်း panther က ကားလမ်းကူးမယ်လုပ်ပါတယ်။ ဒါပေမဲ့လူကူးမီးကနီနေတယ်။ကူးခွင့်မရှိသေးဘူး။ ဒါပေမဲ့ ကားကတစီးတလေမှမသွားကြဘူး။ရှင်းနေတာပဲ။ ဒါနဲ့ဘေးဘီကိုကြည့်ပြီး ရှင်းနေတာပဲ မီးမစိမ်းလဲကူးမဟဲ့ ဆိုပြီး လမ်းပေါ်ခြေတဖက်ချလိုက်တာနဲ့ ဝဲယာသွားလာတဲ့ကားတွေ ဝီကနဲ့ဝီကနဲ အမြန်နောက်ဆုတ် လိုက်ရတယ်။ပလက်ဖောင်းပေါ်ခြေပြန်ချတာနဲ့ သွားလာနေတဲ့ ကားတွေ မရှိတော့ပြန်ဘူး။ အသွားအလာမရှိတော့ဘူးဟဲ့ဆိုပြီးခြေပြန်ချတယ်။ ကားတွေမျိုးစုံပြန်ထွက်လာတယ်။ ဒါနဲ့အိပ်မယ်ဆိုပြီးမအိပ်ခင် တီဗီ ဘက်ပြန်ပြောင်းပြီး ဖိလစ်ပိုင်ဇာတ်လမ်းတွဲများလာလေမလား ဖွင့်ကြည့်တယ်။ ဖိလစ်ပိုင်ဇာတ်လမ်းတွဲတွေက ဆွဲဆောင်မူ့ရှိတယ်ဗျ ဒါပေမဲ့အချိန်ကအတော်လင့်သွားပြီ။ ဇာတ်လမ်းတွဲက zuma game ဆော့နေကတည်းက လာပြီးနေပြီ။ပြန်စဉ်းစားမိပြီးစိတ်ထဲက […]