ဓာတ်ပုံကောင်းကောင်းမတင်တတ်လို့ စမ်းတင်ရင်း အိမ်ထောင်ရှင်မ များအတွက် အရေးပေါ်ဝက်ခြံလေးအကြောင်း ပြောပြချင်တာပါ။ ကလေး ၆လသားဆိုရင် ဘယ်လိုမှ ထိန်းမနိုင်တော့ဘဲ ဝမ်းလျားမှောက်ပြီး တစ်အိမ်လုံးအနှံသွားတာဆိုတော့ လှေကားပေါ်က ပြုတ်ကျမှာလည်း စိုးရိမ်ရတယ်။  ကလေးအနားမှာ တချိန်လုံးလည်း မနေနိုင်တော့ ကလေးအတွက် ဝက်ခြံလေး လုပ်ဖို့ စဉ်းစားမိပါတယ်။ စဉ်းစားပြီဆိုတာနဲ့  ပထမဆုံးတွေးမိတာက  လက်သမားဆရာခေါ်ဖို့ပါပဲ။ ပျဉ်ချပ်ကို ပိတ်စပတ်ပြီး  ဝက်ခြံလုပ်ဖို့ တော်တော်စဉ်းစားခဲ့တာပါ။  နောက်မှ ဖျတ်ခနဲ အတွေးပေါ်တယ်။ အိမ်မှာရှိတဲ့  အဝတ်ထည့်တဲ့ကော်ဘုံးတွေကို စီပြီး ဝက်ခြံလုပ်ဖို့။ ဒီလိုနဲ့  အဝတ်ထည့်တဲ့ကော်ဘုံး  ၄လုံး စီချပြီး လွယ်လင့်တကူ ဝက်ခြံလေးဖြစ်သွားခဲ့ပါတယ်။  ခုခေတ်က အိမ်တိုင်းလိုလို  အဝတ်ထည့်ကော်ဘုံးတွေ သုံးကြတော့  အရေးပေါ် ဝက်ခြံလုပ်မယ်ဆိုရင် ကော်ဘုံးဟာ အကောင်းဆုံးပါပဲ။ ပျဉ်ချပ်သုံးမယ်ဆိုရင် စောင်းတွေက မာတော့  ကလေးခေါင်းနဲ့ တိုက်မိရင် […]