moonpoemJune 12, 20121min1406
ကျွန်မလည်း အခုတော်တော်ကြာပြီ ပိုစ့်တွေမတင်ဖြစ်တာ။ မတင်ဖြစ်ဆို ရုံးက ကျွန်မဒီ ဝက်ဘ်ဆိုက်မှာ စာတင်နေတာမိသွားလို ့ ဒီဆိုက်ကိုရော၊ Facebook ရော g-talkရော အကုန် ပိတ်ထားခြင်းခံလိုက်ရတယ်လေ။ ကဲထားပါတော့ ကျွန်မဒီနေ ့တော့ အားတုန်းအားခိုက် ဝါသနာအရ လမ်းထိပ်က အင်တာနက်ဆိုင်လာပြီး ဘလော့ဂ်လာတင်တာပါ။ ကျွန်မအရင်တစ်ခေါက်ကလည်း ကျွန်မအခုနေနေတဲ့ ၂၈လမ်းနောက်ဖေးလမ်းကြားကအမှိုက်ပြသနာနှင့်ပတ်သတ်ပြီး စာတင်ဘူးပါတယ်။ အခုကတော့ အမှိုက်ထက်ဆိုးတာတွေ ဖြစ်နေလို့ မခံစားနိုင်တော့လို ့လာပြီးရင်ဖွင့်တာပါ။ အားလုံးသိကြတဲ့အတိုင်း ဇွန်လမတိုင်ခင်ကအထိ ရန်ကုန်မှာ မီးတွေပျက်ပါတယ်။ မီးပျက်တော့ ရေတင်လို ့ မရပါဘူး။ မိုးတွင်းဆိုတော့ ထုံးစံအတိုင်း အမှိုက်မရှင်းတဲ့ နောက်ဖေးလမ်းကြားက ရေမြောင်းတွေပိတ်လာပါတယ်။ ရိုးရိုးရေမြောင်းတင်မဟုတ်ဘဲ အိမ်သာပိုက်လိုင်းတွေပါ ပိတ်ပြီး ရေဆိုးတွေ ထွက်လာတော့ တော်တော် စိတ်ညစ်ဖို ့ကောင်းပါတယ်။ ဒါနဲ ့ပဲ […]