Shwe EiMarch 13, 20131min21944
ဟိုတလောလေးက ရွာထဲမှာ ခရီးသွားပို့စ်တွေ တက်လာတာကြည့်လိုက် အားကျလိုက် နဲ့ ကိုယ်တိုင်သွားနိုင်တဲ့ ပြည်တွင်းခရီးစဉ်တွေတော့ အားပါတရသွားပလိုက်ပါတယ်။ ပြည်တွင်းခရီးစဉ်ဆိုလို့ မြန်မာပြည်အနှံ့ ခြေဆန့်တယ်တော့ မထင်လိုက်ပါနဲ့ ရွာပြန်တာဘာ(မကွေး) ။ ရွာမပြန်ခင် ကျိုက်ထီးရိုး မော်လမြိုင် ကျိုက်ခမီ စက်စဲလဲရောက်ခဲ့သေးတယ်ဗျ။ ကြွားတယ်လို့တော့ မထင်ပါနဲ့ (ခိခိ ကြွားတာဘာ)။ အဲ ရွာပြန်တာကလဲ ခရီးလဲထွက်ရင်း တချက်ခုတ်၂ချက်ပြတ်ဖြစ်သွားအောင်(အခေါက်ခေါက် အခါခါလဲ မသွားနိုင်ဘူးကိုး)၊ ပုံစံ ၁ရ လုပ်မယ်လို့ရည်ရွယ်တာ(နို်င်ငံခြား ခရီးများထွက်ဖြစ်ခဲ့သည်ရှိသော်ပေါ့လေ)။ လိုအပ်တဲ့ စာရွက်စာတမ်းတေ စဉ်ကြည့်လိုု့က်တော့ ၁) အိမ်ထောင်စုဇယား (ပုံစံ၁၀) ၂) ရပ်ကွက်ထောက်ခံစာ (အမှန်တကယ်နေထိုင်ကြောင်း) ၃) ရဲစခန်းထောက်ခံစာ (ပြစ်မှုကင်းရှင်းကြောင်း) ၄) ဘွဲ့လက်မှတ် ၅) မှတ်ပုံတင် အွန်း စုံသလောက်တော့ရှိဘီ။ အညာမှာနေပြီး ဆိုင်ကယ်စီးမကျွမ်းတဲ့ ပြသနာဘဲရှိတော့တယ်။ […]